Pages

Wednesday, October 8, 2014

ZTE က Grand XMax စမတ်ဖုန်းကို ကြေညာ

ZTE က Cricket Wireless နှင့် ပူးပေါင်း၍ Grand XMaxစမတ်ဖုန်းကို ရောင်းချပေးလိုက်ပါ သည်။ ခြောက် လက်မ 720p Display တပ်ဆင်ထားပြီး အထူမှာ ၇.၈ မီလီမီတာ ဖြစ်ပါသည်။
Phablet အမျိုးအစားဖြစ်ပြီး 1.2GHz Quad-Core CPU တပ်ဆင်ထားသော Qualcomm Snapdragon 200 Chipset ကို အသုံးပြုထားပါသည်။ 1GB RAM ပါရှိပြီး Android 4.4 KitKat ကို ထည့်သွင်းထားပါ သည်။ Evernote, Amazon, KingSoft Office Apps များကို ကြိုတင် ထည့်သွင်းထားပါသည်။

3200mAh Battery တပ်ဆင်ထားပြီး ၁၇၁ ဂရမ် အလေးချိန်ရှိပါသည်။ 3G ဖြင့် ဖုန်းပြောဆိုလျှင် ၆.၅ နာရီ အသုံးခံပြီး Stand-By ထားရှိလျှင် ၈၆၀ နာရီ အသုံးခံသည်ဟု ZTE က ပြောပါသည်။ ဆက်သွယ်မှု အပိုင်းတွင် WiFi 802.11 b/g/n, Bluetooth 4.0 တို့ ပါရှိပါသည်။

အနောက်ဘက်တွင် 720p Video များ ရိုက်ကူးနိုင်သော 8MP Camera နှင့် LED Flash တပ်ဆင်ထားပါသည်။ Selfie ဓါတ်ပုံများရိုက်ကူးရန် မျက်နှာချင်းဆိုင်တွင် 1MP Camera ပါရှိပါသည်။ 8GB Internal Storage နှင့် MicroSD Slot ပါရှိပါသည်။

Circket က အောက်တိုဘာလ ၁၀ ရက်နေ့တွင် ဒေါ်လာ ၁၉၉.၉၉ ဖြင့် ရောင်းချပေးမည် ဖြစ်သည်။

https://www.facebook.com/MyanmarDigitalLife