The Bad : နောက်ကျောဘက် ပလတ်စတစ်ကာဗာက လက်ရာတွေ အလွယ်တကူထင်ပါတယ်။ အထူးသဖြင့် အနက်ရောင်ဗားရှင်းမှာပါ။ One M8 မှာပါရှိတဲ့ စနစ်တချို့လည်း ဒီဖုန်းမှာ မပါလာပါဘူး။
The Bottom Line : ကျစ်ကျစ်လစ်လစ်ရှိတဲ့ HTC Desire 816 ဟာ စွမ်းဆောင်ရည်ကောင်း မွန်ပြီး ဈေးနှုန်းသင့်တဲ့ ဖုန်းတစ်လုံးပါ။
HTC ဖုန်းတွေဟာ ဈေးနှုန်းကြီးမြှင့်လှပါတယ်။ ဈေးနှုန်းကြီးမြှင့်သလို ဈေးတွေကလည်း တော်တော်နဲ့ မကျပါဘူး။ ကိုယ်ထည်ဆောက်ပုံကောင်းမွန်မှု၊ OS ကောင်းမွန်မှုတို့ကြောင့် နာမည်ကြီးတဲ့ HTC ကုမ္ပဏီ ဟာ mid-range device တစ်မျိုးဖြစ်တဲ့ HTC Desire 816 ကို ထုတ်ထားပါတယ်။
ဒီနှစ်ဆန်းမှာကျင်းပခဲ့တဲ့ Mobile World Congress မှာမိတ်ဆက်ခဲ့တဲ့ Desire 816 ဟာ HTC One series တွေရဲ့ ဒီဇိုင်းအသွင်အပြင်အနည်းငယ်ဖုံးလွှမ်းနေပြီး ကိုယ်ထည်ကတော့ ပလတ်စတစ်ကိုယ်ထည်နဲ့ တည်ဆောက်ထားတာ ဖြစ်ပါတယ်။ HTC ရဲ့ အဆင့်မြှင့် feature တွေကို ဈေးနှုန်းခပ်သင့်သင့်နဲ့ သုံးစွဲလို သူတွေ အတွက် Desire 816 ကို ထုတ်ရခြင်းဖြစ်သလို ဈေးကွက်ထဲမှာ လည်း ရောင်းအားကောင်းတဲ့ ဖုန်းတစ်လုံးဖြစ်ပါတယ်။ အစကတော့ အာရှနိုင်ငံအချို့ဈေးကွက်မှာသာ အဓိကထားရောင်းပေ မယ့် ဈေးနှုန်းချိုသာခြင်း၊ မျက်နှာပြင်ကြီးခြင်း၊ စွမ်းဆောင်ရည်ကောင်းမွန်ခြင်းတို့ကြောင့် ဥရောပနဲ့ အနောက်ဈေးကွက်မှာလည်း နာမည်ရနေတဲ့ တန်ဖိုးသင့်စမတ်ဖုန်းတစ်လုံးဖြစ်ပါတယ်။
Design & Spec
-------------------
HTC Desire 816 ရဲ့ကိုယ်ထည်ဒီဇိုင်းပိုင်းက HTC One ရဲ့ ဒီဇိုင်းသီအိုရီအနည်းငယ်ဖုံးလွှမ်းထားပါတယ်။ သို့ပေမယ့် HTC One Series တွေမှာအသုံးပြုထားတဲ့ အလူမီနီယံသတ္ထုကိုယ်ထည်အစား ပလတ်စ တစ်ကိုယ်ထည်ကိုသာ အသုံးပြုထားပါတယ်။ ဒါကြောင့်လည်း ဈေးနှုန်းချိုသာတာ ဖြစ်ပါတယ်။
HTC One M8 လိုပဲ ရှေ့ဘက်မှာ ကျယ်လောင်တဲ့အသံတွေကို ထုတ်လွှင့်ပေးမယ့် BoomSound စပီကာပါရှိပါတယ်။ HTC ရဲ့ BoomSound စပီကာဟာ ဈေးကွက်ထဲမှာရှိတဲ့ စမတ်ဖုန်းတွေထဲမှာ အသံအရည်အသွေးအကောင်းဆုံးဖြစ်ပြီး အသံပိုင်းဆိုင်ရာကလည်း တကယ်ကိုကောင်းမွန်လှပါတယ်။ အထူးသဖြင့် ဒီဖုန်းနဲ့ ဗီဒီယိုတွေကြည့်တဲ့အခါမှာ စပီကာဟာ ရှေ့ဘက်မှာရှိနေတာကြောင့် အဆင်ပြေလှ ပါတယ်။
၅.၅ လက်မအရွယ်ရှိတဲ့ HD အရည်သွေးရှိမျက်နှာပြင်ဟာ တောက်ပသလို အရောင်အရည်သွေးက လည်း ကောင်းမွန်ပါတယ်။ Full HD display မဟုတ်ပေမယ့်လည်း resolution က 1280x720 ရှိတာကြောင့် ကြည့်ရတာ အဆင်ပြေနေတုန်းပါပဲ။
816 ရဲ့ ကိုယ်ထည်ဟာ သတ္ထုကိုယ်ထည်မဟုတ်ပေမယ့်လည်း ပလတ်စတစ်ကို ကြည့်ကောင်းအောင် တည်ဆောက်ထားတာကို တွေ့ရပါတယ်။ အခြားသော ပလတ်စတစ်ဖုန်းတွေလို ရုပ်မဆိုးပဲ HTC Desire 816 ဟာ သပ်ရပ်ရိုးရှင်းတဲ့အသွင်ရှိပါတယ်။ အနက်ရောင်ဗားရှင်းဆိုရင်တော့ နောက်ကျောဘက်မှာ လက်ရာအဆီတွေ အလွယ်တကူထင်နိုင်တာကိုတော့ သတိပြုရပါလိမ့်မယ်။
HTC Desire 816 ကိုကြည့်ရတာ iPhone 5C ကို ခပ်ကြီးကြီးနဲ့ ထုတ်ထားသလိုပါပဲ။ ပြောင်လက်တဲ့ ပလတ်စတစ်ကိုယ်ထည်ခြင်း တူညီသလို ဒီဇိုင်းပိုင်းကလည်း အနည်းငယ်တူညီသလို ရှိပါတယ်။ သတိထားရမှာကပလတ်စတစ်ကိုယ်ထည်ဖြစ်တာကြောင့် လက်ရာတွေအလွယ်တကူထင်နိုင်တာဖြစ်ပြီး အဖြူရောင်ဗားရှင်းဆိုရင်တော့ အနည်းငယ်သက်သာမယ်လို့ ယူဆရပါတယ်။
ဖုန်းရဲ့ညာဘက်မှာတော့ ကာဗာနဲ့ဖုံးထားတဲ့ nano-SIM card slot ၂ကဒ်ထည့်ဖို့အပေါက်နဲ့ microSD cardslot ပါရှိပါတယ်။
Desire 816 မှာ 1.6GHz quad-core Qualcomm Snapdragon 400 processor ပါရှိပြီး RAM က 1.5GB ဖြစ်ကာ Internal Storage ကတော့ 8GB ဖြစ်ပါတယ်။ သိုလှောင်မှုထပ်တိုးဖို့အတွက်လည်း microSD card slot ပါရှိပြီး 128 GB ထိတိုးချဲ့နိုင်လို့ storage များများကြိုက်နှစ်သက်တဲ့ သူတွေအတွက်တော့ ကျေနပ်စရာပဲဖြစ်ပါတယ်။ ဈေးကွက်ထဲမှာတော့ CDMA/GSM ၂ကဒ်သုံးဗားရှင်းနဲ့ WCDMA/GSM ၂ကဒ်သုံးဗားရှင်းဆိုပြီး ၂မျိုးရှိပြီး CDMA/GSM ဗားရှင်းကတော့ ပြည်တွင်း တရားဝင်ကိုယ် စားလှယ်ကနေ တရားဝင်တင်သွင်းတဲ့အမျိုးအစားဖြစ်ပါတယ်။ အခြားဖုန်းတွေအတိုင်း WiFi Bluetooth တွေပါရှိပေမယ့်လည်း NFC တော့ မပါရှိပါဘူး။
Software and interface
------------------------------
One M8 အတိုင်းပဲ Desire 816 မှာ Android KitKat 4.4.2 version ကို HTC ရဲ့ Sense 6 UI နဲ့ပါရှိလာပါတယ်။ Sense 6 UI ရဲ့ BlinkFeed, Colo-coded feature နဲ့ လှပတဲ့ ဖောင့်ဒီဇိုင်းတွေ ပါရှိလာပြီး Google Drive ကနေလည်း အွန်လိုင်းသိုလှောင်မှုအခမဲ့ 50 GB ရရှိနိုင်ပါသေးတယ်။
HTC One M8 နဲ့မတူတာက One M8 မှာပါရှိတဲ့ gesture control စနစ်တွေမပါလာပါဘူး။ ဒါကြောင့် ဖုန်းမျက်နှာပြင်ကိုခောက်ပြီး ဖုန်းကို unlock လုပ်နိုင်မှာမဟုတ်ပါဘူး။ နောက်ပြီး Camera App ကလည်း One M8 မှာပါရှိနဲ့ မတူပါဘူး။ ဒါပေမယ့် Camera App မှာ Manual တော်တော်များများကို ထိန်းချုပ်ပြီး ရိုက်ကူးနိုင်ပါသေးတယ်။
Camera
-----------
HTC One M8 မှာသုံးခဲ့တဲ့ Ultrapixel ကင်မရာအစား Desire 816 မှာတော့ သာမန် 13 MP ကင်မရာကိုပဲ သုံးခဲ့ပါတယ်။ ကင်မရာ App ကလည်း One M8 မှာပါတာထက် ဝိတ်လျှော့ထားပါတယ်။ ဥပမာ UFocus လို feature မျိုး Desire 816 မှာ မရရှိနိုင်ပါဘူး။ သို့သော်လည်း ကင်မရာရိုက်ကူးဖို့ အတွက်လိုအပ်တဲ့ စနစ်တွေ တော်တော်များများက ပါရှိပြီးသားပါ။ အပျော်တမ်းဗီဒီယိုဖန်တီးတဲ့ စနစ်တစ်ခုဖြစ်တဲ့ Zoe feature လည်းမပါရှိတာကြောင့် Video software ပိုင်းမှာလည်း အနည်းငယ် အားနည်းပါတယ်။ သို့ပေမယ့် ဓါတ်ပုံရိုက်ကူးစွမ်းရည်၊ ပုံထွက်အရည်အသွေးနဲ့ ဗီဒီယိုအရည်အသွေး တို့က ကောင်းမွန်တာကိုတော့ တွေ့ရပါတယ်။
Performance
အဆင့်မြှုင့်ဖုန်းတွေထက် ဈေးသက်သာနေရတဲ့အကြောင်းရင်းတွေထဲမှာ Processor ပိုင်းကို ဝိတ်လျှော့ထားတာလည်း ပါပါမယ်။ သုံးထားတဲ့ Qualcomm Snapdragon 400 processor က စွမ်းရည်အမြှင့်ဆုံး processor တော့မဟုတ်ပါဘူး။ သို့သော် စွမ်းဆောင်ရည်ရမှတ်ကို Quadrant benchmark နဲ့တိုင်းတာကြည့်ရာမှာ 12708 မှတ်ရလို ယခင် HTC One X ဖုန်းထက် စွမ်းဆောင်ရည်တော်တော်များတာကိုတွေ့ရပါတယ်။ ဓါတ်ပုံရိုက်ကူးတဲ့အချိန်မှာ camera shutter အနည်းငယ်လေး နှေးတာကလွဲလို့ ဖုန်းတစ်လုံးလုံးရဲ့ စွမ်းဆောင်ရည်ကိုခြုံပြောရရင်တော့ သုံးစွဲရတာမြန်ဆန်လှပြီးကောင်းမွန်မှုရှိပါတယ်။
Battery life
--------------
ဘက်ထရီကတော့ HTC One M8 မှာပါတဲ့ capacity အတိုင်း 2600 mAh သိုလှောင်နိုင်စွမ်းရှိတဲ့ ဘက်ထရီပါရှိလာပါတယ်။ အထူးသဖြင့် မျက်နှာပြင်ကြီးတဲ့ဖုန်းတွေမှာ ဘက်ထရီသိုလှောင်နိုင်စွမ်းကို 3000 mAh နဲ့အထက် ထည့်သွင်းကြပေမယ့်လည်း Desire 816 မှာတော့ အနည်းငယ်နည်းတဲ့ 2600 mAh ပဲပါရှိလာပါတယ်။ နောက်ပြီး ဘက်ထရီကိုလည်း ဖြုတ်လဲလို့မရပါဘူး။ ဘက်ထရီသက်တမ်းကတော့ တစ်နေ့တာသုံးစွဲဖို့အတွက် ပုံမှန်လောက်ပဲ ရှိပြီး ထူးထူးခြားခြားကြာရှည်ခံတာတော့ မတွေ့ရပါဘူး။ ဘက်ထရီကုန်ခါနီးရောက်ရင် အချိန်ကြာကြာ ဆွဲဆန့်အသုံးပြုနိုင်မယ့် Extreme Power Saving mode တွေလည်း ပါရှိပါသေးတယ်။
Conclusion
----------------
ခြုံပြောရရင်တော့ HTC Desire 816 ဟာ သူ့အိုးနဲ့သူ့ဆန်ဆိုသလို စွမ်းဆောင်ရည်မြှင့်ပြီး ဈေးနှုန်းက အလယ်အလတ်တန်းရှိတဲ့ အဆင့်မြှင့်စမတ်ဖုန်းတစ်လုံးပါပဲ။ HTC ရဲ့ feature တွေကို မျက်နှာပြင်ခပ်ကြီးကြီး၊ ဈေးနှုန်းခပ်သင့်သင့်နဲ့ ကိုင်လိုသူတွေအတွက် Desire 816 ကသင့်တော်ပါတယ်။ ဖုန်းဆိုင်အများစုမှာ HTC Desire 816 ကို ဈေးနှုန်း ၃၃၀၀၀၀ ဝန်းကျင်နဲ့ဝယ်ယူရရှိနိုင်ပါတယ်။ သတိထားရမှာက ကိုယ်ဝယ်ယူလိုတာက CDMA/GSM version လား၊ WCDMA(3G)/GSM version လားဆိုတာကိုပါ။
-----------------------
Hanminsein
Ref : Cnet
https://www.facebook.com/techspaceJournal


