Sony က Z3v စမတ်ဖုန်းကို ကြေညာလိုက်ပြီး
အမေရိကန်တွင် Verizon မှ အောက်တိုဘာလ ၂၃ ရက်နေ့တွင် ရောင်းချပေးမည်
ဖြစ်သည်။ Z3v သည် စွမ်းဆောင်ရည်မြင့် Xperia Z3 ၏ မူကွဲဖုန်းဖြစ်ပြီး Verizon အတွက် သီးသန့် ထုတ်လုပ်ပေးထားခြင်း ဖြစ်ပါသည်။
ကနဦး တန်ဖိုးမှာ ဒေါ်လာ ၁၉၉ သတ်မှတ်ထားပြီး နှစ်နှစ်စာချုပ်ဖြင့် ၀ယ်ယူနိုင်ပါသည်။ ၅.၂ လက်မ 1080p Full HD Display တပ်ဆင်ထားပါသည်။ အနောက်ဘက်တွင် 20.7 MP Camera ပါရှိပါပြီး 4K Video ရိုက်ကူးနိုင်ပါသည်။ မျက်နှာချင်းဆိုင်တွင် 2.2 MP Camera ပါရှိပါသည်။ ရေစိုခံပြီး ရေအောက်တွင် ဓါတ်ပုံများ ရိုက်ကူးရန် သီးခြား ခလုတ်တစ်ခု တပ်ဆင်ပေးထားပါသည်။ နိုဝင်ဘာလတွင် စတင်ရောင်းချပေးမည် ဖြစ်သည်။ ဖုန်များ မ၀င်နိုင်အောင် တင်းကျပ်စွာ ဖုံးအုပ်ထားပါသည်။ PlayStation 4 နှင့် ချိတ်ဆက်နိုင်ပြီး စမတ်ဖုန်းတွင် ထိတွေ့မျက်နှာပြင် သို့မဟုတ် DualShock Controller ဖြင့် ဂိမ်းကစားနိုင်ပါသည်။
32GB Internal Storage ပါရှိပြီး 128GB အထိ ၀င်ဆန့်သော MicroSD Card အသုံးပြုနိုင်ပါသည်။ ကြိုးမဲ့အားသွင်း စနစ်ပါရှိပါသည်။
Sony က ယခုနှစ် အစောပိုင်းတွင် Xperia Z2 Tablet ကို Verizon မှ ရောင်းချပေးခဲ့ပါသည်။ အဆိုပါ တက်ဘလက်နှင့် စမတ်ဖုန်းအသစ်ကို တွဲဖက် ၀ယ်ယူလျှင် ဒေါ်လာ နှစ်ရာ သက်သာမည် ဖြစ်သည်။
https://www.facebook.com/MyanmarDigitalLife