Pages

Saturday, October 11, 2014

Google က Desktop အတွက် Hangouts App ကို ဖြန့်ချီ

Google Hangouts အသုံးပြုသူများ အနေဖြင့် ဘရောက်စာ ဖွင့်ရန် မလိုဘဲ Desktop မှပင် Chat နှင့် ဖုန်းပြောဆိုမှုများ ပြုလုပ်နိုင်ပြီ ဖြစ်သည်။

Google က Chrome OS နှင့် Windows အတွက် Hangouts App ကို ဖြန့်ချီပေးလိုက်ပါသည်။ ထို့အပြင် Google က Google Plus တွင် သူငယ်ချင်းများ၏ မဲဆန္ဒများကို ကောက်ယူနိုင်သော Poll စွမ်းဆောင်ချက် အသစ်ကိုလည်း ကြေညာပါသည်။

Chats နှင့် Notification များကို Desktop နှင့် Mobile App ကြားတွင် Sync ပြုလုပ်ပေးမည် ဖြစ်သည်။

Desktop App တွင် Voice နှင့် Video Call များ ပြုလုပ်နိုင်ပြီး မကြာမီက အဆင့်မြှင့်ပေးခဲ့သော Hangouts Dialer ပါရှိပါသည်။ Google Voice အသုံးပြုသူများ အနေဖြင့် App အတွင်းမှပင် Google Voice Number ကို အသုံးပြု၍ SMS Messages များဖတ်ခြင်း၊ Voicemail များ နားထောင်ခြင်း၊ အသံဖြင့် ဆက်သွယ်နိုင်ခြင်းများ ပြုလုပ်နိုင်ပါသည်။ Hangouts ကို Chrome Extension အနေဖြင့် အသုံးပြုနေ သူများကို App အသစ်ကို အသုံးပြုရန် Google က အသိပေးမည် ဖြစ်သည်။

Google က Web, iOS, Android ရှိ Google Plus တွင် သူငယ်ချင်းများ၏ မဲဆန္ဒများ ကို ကောက်ယူနိုင်သော Polls စွမ်းဆောင်ချက်ကိုလည်း ကြေညာလိုက်ပါသည်။ Polls များကို Hangouts မှ တိုက်ရိုက် ပြုလုပ်နိုင်ပြီး Photos, GIFs, Links များ ထည့်သွင်းနိုင်ပါသည်။

Hangouts App ကို အောက်ပါ လင့်မှ ရယူနိုင်ပါသည်။

https://chrome.google.com/webstore/detail/hangouts/knipolnnllmklapflnccelgolnpehhpl/related

https://www.facebook.com/MyanmarDigitalLife