Lenovo က Yoga Device သုံးခုကို
ကြေညာလိုက်ပါသည်။ တက်ဘလက်နှစ်ခုနှင့် လက်တော့ ၊ တက်ဘလက် နှစ်မျိုးသုံး
ကွန်ပြူတာ တစ်ခုတို့ ဖြစ်ပါသည်။ Yoga Tablet 2 Pro
----------------------
Android OS မောင်းနှင်ပြီး ၁၃.၃ လက်မ မျက်နှာပြင်တပ်ဆင်ထားသော Yoga Tablet 2 Pro တွင် Projector ပါရှိပါသည်။ Projector သည် အရည်အသွေးမြင့် ပုံရိပ်များကို နံရံ သို့မဟုတ် မျက်နှာပြင်တစ်ခုပေါ်တွင် တိုက်ရိုက် ပြသနိုင်ပါသည်။ ထို့အပြင် တက်ဘလက်တွင် Subwoofer ပါရှိပြီး လွယ်ကူစွာ သယ်ယူသွားနိုင်သော ဖျော်ဖြေရေးစနစ်ကို အဆင့်တစ်ဆင့် မြင့်တက်စေခြင်း ဖြစ်ပါသည်။
အရည်အသွေး ကောင်းမွန်သော QHD 2560x1440 Display , 8MP Rear Camera တပ်ဆင်ထားပြီး ဘက်ထရီ သက်တမ်းမှာ ၁၅ နာရီ အသုံးခံပါသည်။ ဒေါ်လာ ၄၉၉ ဖြင့်ရောင်းချမည် ဖြစ်ပြီး အချို့နိုင်ငံများတွင် 4G အမျိုးအစား ရရှိနိုင်ပါသည်။
Yoga Tablet 2
------------------
Lenovo က Yoga Tablet 2 Pro ထက် စွမ်းဆောင်ရည်နိမ့်သော Yoga Tablet 2 ကိုလည်း ပြသလိုက်ပါသည်။ ရှစ်လက်မနှင့် ဆယ်လက်မ နှစ်မျိုး ထုတ်လုပ်ပေးထားပြီး တစ်ခုစီတွင် Android သို့မဟုတ် Windows OS ထည့်သွင်းပေးထားပါသည်။ အချို့နိုင်ငံများတွင် 4G အမျိုးအစားကို ရောင်းချပေးမည် ဖြစ်သည်။
ဘက်ထရီ သက်တမ်းမှာ ၁၈ နာရီ ဖြစ်ပါသည်။ ရှစ်လက်မနှင့် ဆယ်လက်မ Android Version ကို ဒေါ်လာ ၂၄၉.၉၉ ၊ ၂၉၉.၉၉ ဖြင့် အသီးသီး ရောင်းချမည် ဖြစ်သည်။ ၀င်းဒိုး ဗားရှင်းကို ဒေါ်လာ ၂၉၉.၉၉ ၊ ၃၉၉.၉၉ ဖြင့် အသီးသီး ရောင်းချမည် ဖြစ်သည်။
Yoga Tablet များသည် အခြား ပြိုင်ဖက် တက်ဘလက်များနှင့် ဒီဇိုင်းကွဲပြားပါသည်။ လက်ဖြင့် ကိုင်တွယ် အသုံးပြုရန်၊ ထောင်ပြီး အသုံးပြုရန်နှင့် လှဲပြီး အသုံးပြုရန် Mode သုံးမျိုးပါရှိပါသည်။ ယခုတက်ဘလက် အသစ်နှစ်ခုတွင် တွဲလောင်းချပြီး ကြည့်ရှုနိုင်သော Mode အသစ်တစ်ခု ပါရှိလာပါသည်။
Yoga 3 Pro
------------
၁၃ လက်မ Yoga 3 Pro သည် Lenovo ၏ လက်တော့ ၊ တက်ဘလက် နှစ်မျိုးသုံးထဲမှ အသစ်တစ်ခု ဖြစ်ပါသည်။ QHD 3200x1800 Gorilla Glass Screen တပ်ဆင်ထားပါသည်။
၁၂.၈ မီလီမီတာ အထူနှင့် ၁.၁၉ ကီလိုဂရမ် အလေးချိန်ရှိပါသည်။ Intel ၏ နောက်ဆုံးထုတ် Intel Core M Processor တပ်ဆင်ထားပါသည်။ ဒေါ်လာ ၁၃၄၉ ဖြင့် ရောင်းချမည် ဖြစ်သည်။ လိမ္မော်၊ ငွေ၊ ရွှေရောင်များ ထုတ်လုပ်ပေးထားပါသည်။
ဘက်ထရီ သက်တမ်းမှာ ကိုးနာရီ ဖြစ်ပြီး အောက်တိုဘာလ နှောင်းပိုင်းတွင် ရောင်းချပေးမည်ဟု မျှော်လင့်ရပါသည်။
https://www.facebook.com/MyanmarDigitalLife
