အိန္ဒိယ စမတ်ဖုန်း ထုတ်လုပ်သူ Xolo က အနောက်ဘက်တွင် သူ၏ ပထမဆုံး Fingerprint Sensor တပ်ဆင်ထားသော Q2100 စမတ်ဖုန်းကို အိန္ဒိယတွင် ရောင်းချပေးလိုက်ပါသည်။ IR Blaster ပါရှိပြီး တွဲဖက် အသုံးပြုရန် Peel Smart Remote App ကို ထည့်သွင်းပေးထားပါသည်။
Dual-SIM အသုံးပြုနိုင်ပြီး 1.3GHz Quad-Core Media Tek CPU , 1GB RAM, 8GB Internal Storage, MicroSD Card Slot ပါရှိပါသည်။
အနောက်ဘက်တွင် Autofocus ပါသော 8MP Camera, Dual LED Flash တပ်ဆင်ထားပါသည်။ ၅.၅ လက်မ HD IPS Display ပါရှိပြီး တစ်လက်မလျှင် Pixel သိပ်သည်းဆမှာ ၂၆၇ ဖြစ်ပါသည်။ Gorilla Glass 3 ဖြင့် မျက်နှာပြင်ကို ကာကွယ်ထားပါသည်။ Android 4.4 KitKat ကို မောင်းနှင်လည်ပတ်မည် ဖြစ်သည်။
အနောက်ဘက် ကာဗာကို ဖြုတ်တပ်နိုင်ပြီး 2800mAh Battery ပါရှိပါသည်။ 3G ဖြင့် ဖုန်းပြောဆိုလျှင် ၂၂ နာရီ အသုံးခံပါသည်။ အရွယ်အစား အပြည့်အစုံမှာ 152.4 x 75 x 9.3 mm ဖြစ်ပါသည်။
Xolo Q2100 ကို ဒေါ်လာ ၂၁၉ သတ်မှတ်ထားပြီး အနက်နှင့် အဖြူ ထုတ်လုပ်ပေးထားပါသည်။
https://www.facebook.com/MyanmarDigitalLife