Pages

Tuesday, October 7, 2014

Google က Lego တုံးများကဲ့သို့ ဖြုတ်တပ်နိုင်သော တီဗီမျက်နှာပြင်ကြီးများကို တီထွင်နေ ဆိုပါလား.

Google ၏ X ဌာနက Lego တုံးများကဲ့သို့ ဖြုတ်တပ်နိုင်သော တီဗီမျက်နှာပြင်ကြီးများကို တီထွင်နေသည်ဟု The Wall Street Journal က ရေးသားထားပါသည်။ အရွယ်သေးငယ်သော မျက်နှာပြင်များကို ပေါင်းစပ်၍ ကြီးမားသော မျက်နှာပြင်တစ်ခုကို ပြုလုပ်နိုင်ရန် တီထွင်နေခြင်း ဖြစ်ပါသည်။

Google က တီထွင်နေသော အစိတ်အပိုင်းများကို ဖြုတ်တပ်နိုင်သော Modular Smartphone များကဲ့သို့ပင် မျက်နှာပြင်ကြီး၏ အစိတ်အပိုင်းများဖြစ်သော မျက်နှာပြင်သေးများကို ဖြုတ်တပ်နိုင်ပြီး ပုံသဏ္ဍာန်မျိုးစုံ ပြောင်းလဲနိုင်မည် ဖြစ်သည်။ ယခင် MIT ပါမောက္ခဟောင်း ဖြစ်ပြီး ယခု Google ၏ မျက်နှာပြင်ဌာနမှ အကြီးအကဲဖြစ်သူ Mary Lou Jepsen က စီမံကိန်းကို ဦးဆောင်နေပါသည်။ သူမသည် စွမ်းအင် အသုံးပြုမှုနည်းပါးသော မျက်နှာပြင်များကို တီထွင်သည့် Pixel Qi ၏ ယခင် CEO လည်း ဖြစ်ပါသည်။ Google က အဆိုပါ မျက်နှာပြင်ကြီးများတွင် ဆက်ရာများ မပေါ်စေရန် တီထွင်မည်ဟု သိရပါသည်။ တီထွင်နေသော မျက်နှာပြင်၏ အရွယ်အစားနှင့် မည်သည့် နေရာတွင် အသုံးပြုမည်ဆိုသည်ကို မသိရသေးပါ။

ထွက်ပေါ်နေသော သတင်းများအရ အဆိုပါ မျက်နှာပြင်ကြီးများကို အားကစားကွင်းများ၊ Digital Billboard များနှင့် တီဗီနံရံများအဖြစ် အသုံးပြုမည်ဟု သိရပါသည်။

Google X သည် Google ၏ Hardware များကို အဓိက ထုတ်လုပ်သော ဌာနဖြစ်ပါသည်။ အဆိုပါ ဌာနမှ Google Glass ၊ အလိုအလျှောက်မောင်းနှင်နိုင်သော ကားနှင့် အင်တာနက် ထုတ်လွှင့်ပေးသော မိုးပျံပူဖေါင်းများကို တီထွင်လျှက်ရှိပါသည်။


https://www.facebook.com/MyanmarDigitalLife