Pages

Tuesday, October 7, 2014

Galaxy Note 4 အောက်တိုဘာ တတိယပတ်တွင် စတင်ရောင်းမည်


ဆမ်ဆောင်း၏ ထုတ်ကုန်သစ် တစ်ခုဖြစ်သော Galaxy Note 4ကို အောက်တိုဘာလ တတိယပတ် အတွင်း ပြည်တွင်း၌ စတင်ဝယ်ယူနိုင်မည်ဟု ဆမ်ဆောင်းမြန်မာရုံးခွဲမှ သတင်းရရှိသည်။
‘‘အောက်တိုဘာ တတိယ ပတ်လောက်မှာ ပြည်တွင်းကို ရောက်ဖို့ရှိပါတယ်။ စပြီးရောင်း တဲ့အချိန်မှာ အထူးအစီအစဉ် တွေနဲ့လည်း ပြုလုပ်ပေးသွားဖို့ ရှိပါတယ်’’ဟု ဆမ်ဆောင်းမြန်မာ မှ တာဝန်ရှိသူ ဦးဇာနည် ၀င်းထက် ကပြောသည်။
 Galaxy Note 4 ကို ပြည် တွင်း၌ ကျပ် ခုနစ်သိန်းကျော်ဖြင့် ရောင်းချပေးသွား မည်ဖြစ် ပြီး ဈေး နှုန်း အတိ အကျကိုမူ မကြာမီ သတ်မှတ်ပေးမည်ဟု ဆိုသည်။

‘‘Note စီးရီးတွေဟာ နည်း ပညာနယ်ပယ်ထဲမှာ တီထွင်ဆန်း သစ်မှုတွေရဲ့ နမိတ်တစ်ခုဖြစ် ပါတယ်။ ပိုမိုကျယ်ပြန့်တဲ့ မျက် နှာပြင်နဲ့ Smart Pen နည်းပညာ ဟာ စမတ်ဖုန်းယဉ်ကျေးမှုရဲ့ အ ဆင့်အတန်း တစ်ခုကို စတင်မိတ် ဆက်လိုက်တာဖြစ်ပါတယ်’’ဟု ဆမ်ဆောင်းအီလက်ထရွန်နစ်မန်နေဂျင်းဒါရိုက်တာ မစ္စတာ နမ်ဆမ်အန်ကပြောသည်။
ဆမ်ဆောင်းက ထုတ်လုပ် သည့် Galaxy Note စီးရီးစမတ် ဖုန်းများသည် မျက်နှာပြင်ကြီးမား ပြီး စွမ်းဆောင်ရည်ကောင်းမွန်၍နိုင်ငံတကာမိုဘိုင်း ဈေးကွက်၌ ရောင်းအားကောင်းသော ထိပ်တန်းစမတ်ဖုန်းအမျိုးအစားများဖြစ်ပြီး ယခုအသစ်ထုတ်လုပ်လိုက်သည့် Galaxy Note 4 စမတ်ဖုန်းတွင်လည်း နည်းပညာနှင့် လုပ်ဆောင်ချက် အသစ်များ ထည့်သွင်းပေးထားသည်။

http://www.7daydaily.com/story/22200