ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာသည့် နိုင်ငံခြားသားများ ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)
အွန်လိုင်းဗီဇာစတင်စဉ်က အာဆီယံနိုင်ငံများ အပါအ၀င်နိုင်ငံပေါင်း(၄၃)နိုင်ငံအား ခွင့်ပြုပေး ခဲ့ပြီး အောက် တိုဘာ ၂ ရက်တွင် ဥရောပ၊ အာဖရိကမှ နိုင်ငံပေါင်း(၂၄)နိုင်ငံအား ထပ်မံခွင့်ပြုပေးလိုက်ပြီဟု လူဝင်မှုကြီး ကြပ်ရေးနှင့်ပြည်သူ့အင်အား ၀န်ကြီးဌာနမှ သတင်းထုတ်ပြန်ထားသည်။
အွန်လိုင်းဗီဇာ(e-Visa)စနစ်ဆောင်ရွက်ရာတွင်(၄၃)နိုင်ငံ အပြင် ခရီးသွားလာရောက်မှုအပေါ်မူတည် ပြီး နိုင်ငံများထပ်မံတိုးချဲ့ပေးပါရန် ခရီးသွားလုပ်ငန်းရှင်များက တိုးချဲ့ရန်လိုအပ်သောနိုင်ငံများကို သက်ဆိုင်ရာဝန်ကြီးဌာနသို့ စက်တင်ဘာ ၂၃ ရက်ကတင်ပြခဲ့ကြသည်။
တိုးချဲ့ပေးလိုက်သောနိုင်ငံများတွင် မြန်မာနိုင်ငံသို့ ခရီးသည်အ၀င်နည်းသော ပီရူး၊ ပနားမား၊ မွန်ဂိုလီးယား စသောနိုင်ငံများပါဝင်သဖြင့် ယင်းအချက်သည်နိုင်ငံခြားရေးမူဝါဒအရ ဆောင်ရွက်ပေးခြင်းဖြစ်ပြီး ခရီးသွား လုပ်ငန်းအတွက် တစ်စိတ်တစ်ဒေသကိုသာ ဆောင်ရွက်ပေးသည်ဟုယူဆကြောင်း Nature Dream ခရီးသွားလုပ်ငန်းမှ မန်နေဂျင်းဒါရိုက်တာ ဒေါ်စပယ်အောင်ကသုံးသပ်သည်။
လက်ရှိတွင်လာအို၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှားတို့သည် မြန်မာနှင့် ဗီဇာကင်းလွတ် ခွင့် အပြန်အလှန် ရရှိထားသော နိုင်ငံများဖြစ်သည်။
မြန်မာနိုင်ငံသို့ နိုင်ငံခြားသားဝင်ရောက်မှုမှာ သြဂုတ်လကုန်အထိ နှစ်သန်းနီးပါးရှိနေပြီး ၂၀၁၄ နှစ်ကုန် တွင် ဧည့်သည်အ၀င်သုံးသန်းကျော် ၀င်ရောက်မည်ဟုဟိုတယ်/ခရီးဝန်ကြီးဌာနက ခန့်မှန်းထားသည်။
http://www.7daydaily.com/story/22080#.VDBEEBY8duY
