CS5 Extended-Portable လေးရထားလို့ ပြန်တင်ပေးထားတယ်..။ ကီးထည့်စရာမလိုတဲ့ Photoshop CS5 Extended-Portable လေးပေါ့ဗျာ..။ ကျုပ်လည်း CS 5 သုံးနေတာဘဲ အွန်လိုင်းလည်းသုံးနေတာမို့ ကီးခဏခဏ ထည့်ထည့်ပေးရတယ်..။ အဲ့တော့ နဲနဲတော့ ဒုက္ခဖြစ်တာပေါ့ဗျာ...။ ခုကောင်လေးကတော့ Portable လိုပါဘဲ..Portable တော့မဟုတ်ဘူးပေါ့..Software တစ်ဖိုင်းတည်းပြန်ချုပ်ထားတဲ့ဥစ္စာလေးပေါ့။ ဒီတော့ဗျာ ကီးလည်းထည့်စရာမလို..အလွယ်တစ်ကူလည်း စတစ်ထဲထည့်ကာ သယ်ဆောင်သွားနိုင်တာမို့ ပိုကောင်းတယ်လို့ ပြောချင်ပါတယ်..။
Photoshop ကျွမ်းကျင်ရင် အလုပ်ဖြစ်တယ်နော်..။ သင်တန်းလေးတော့ တက်ထားကြပေါ့ မတက်လိုရင် အင်တာနက်မှာ အသုံးပြုနည်းစာအုပ်လိုက်ရှာပြီး ဖတ်ကြပေါ့ဗျာ..။ ကိုယ်တိုင်လေ့လာထားတဲ့ ပညာက ပိုမှတ်မိမယ်ထင်တာဘဲ..။ ကိုယ့်သူငယ်ချင်းကတော့ ပြောဖူးတယ်ဗျ..။ ဘယ်ပညာကိုမဆိုပေါ့..မူသေကြီး အသေကြီး မှတ်မထားနဲ့ ဘယ်နားလေးက သွားလိုက်တယ်...။ ဘာလေးလုပ်လိုက်တယ်..စသဖြင့်ပေါ့ဗျာ အတိုလေးတွေဘဲ မှတ်ထားဖို့ပေါ့..အပြည့်အစုံ အရှည်ကြီး မှတ်ထားတာမျိုးကြတော့ မေ့သွားရင်..ပြန်ပြီး
စဉ်းစားရတာမလွယ်ဘူးလေ..ဒီတော့ ပညာသင်တဲ့နေရာမှာဘဲ သုံးသုံး ဘယ်နေရာမှာဖြစ်ဖြစ်..သူ့ဟာနဲ့ သူ အလွယ်လေး အတိုကောက်လေးတွေကို မှတ်ထားရင် ပိုကောင်းပါတယ်.။
ကဲ ဒါပါဘဲဗျာ...ကောင်းတာလေးမို့ မရှိသေးရင်တော့ ဒေါင်းလော့ချပြီးဆောင်ထားပေါ့...ဆိုင်မှာ သွားဝယ် မယ်ဆိုရင် တစ်ခွေ တစ်ထောင်ပေါ့ဗျာ..နယ်မှာဆိုရင်တော့ ၀ယ်လို့ရချင်မှ ရမယ်လေ..။ နဲနဲရှားပါး ပစ္စည်း လိုပြောရမလား..အဲလိုပါဘဲ..ဒေါင်းပြီးယူထားလိုက်ပါ...လင့်သေသွားရင် ကိုယ်လည်း ပြန်တင်ရတာ မလွယ်ဘူးလေ..File Size (ဖိုင်ဆိုက်)ကလည်း သိပ်မကြီးလှပါဘူး....82MB လောက်ဘဲ ရှိတာပါ..။
အဆင်ပြေပါစေ...အဆင်ပြေရင်တော့ဖြင့်...
လေးကို Liked လုပ်ပြီး အားပေးကြပါဦးလို့...
