Pages

Sunday, October 5, 2014

အိမ်နီးချင်း၏ မောင်းသူမဲ့လေယာဉ်ကို ပစ်ချခဲ့သူ ဖမ်းဆီးခံရ

နယူးဂျာစီပြည်နယ်ရှိ လိုးဝါးမြို့နယ်တွင် အိမ်နီးချင်းတစ်ဦးက လွှင့်တင်ခဲ့သော မောင်းသူမဲ့ လေယာဉ် ကို သေနတ်ဖြင့် ပစ်ချခဲ့သည့် ဖြစ် စဉ် ဖြစ်ပွားခဲ့ပြီးနောက် သေနတ်ဖြင့် ပစ်သူအား ရဲအဖွဲ့က ဖမ်းဆီး ထိန်းသိမ်းခဲ့သည်။
အဆိုပါ မောင်းသူမဲ့လေယာဉ်၏ ပိုင်ရှင်သည် အခြား အိမ်နီးချင်းအိမ်များကို ဓာတ်ပုံ ရိုက်ကူး လိုသောကြောင့် ကောင်းကင်ပေါ်သို့ သောကြာနေ့က လွှင့်တင်ခဲ့ကြောင်း CBS Philadelphia ဝက်ဘ်ဆိုက် မှ ဖော်ပြခဲ့သည်။ ထိုသို့ မောင်းသူမဲ့လေယာဉ်ကို ကောင်းကင်ပေါ်တွင် ပျံသန်းနေ စဉ် သေနတ်သံထွက်ပေါ်လာပြီးနောက် ၎င်းမှာ မြေပြင်ပေါ်သို့ ပျက်ကျခဲ့သည်။


ထို့နောက်တွင် ပိုင်ရှင်က ၎င်း၏ မောင်းသူမဲ့လေယာဉ်ရှိ ကျည်ဆန်ရာများကို သတိပြုခဲ့ပြီး အသက် ၃၂ နှစ် အရွယ် ရပ်ဆဲဂျေပါဆန်တီ ဆိုသူအား မောင်းသူမဲ့လေယာဉ် ပစ်ချခဲ့မှုအတွက် ရဲအဖွဲ့က အချိန်တိုအတွင်း ဖမ်းဆီးခဲ့ပြီး ၎င်း၏ ရှော့ဂန်းသေနတ်ကိုလည်း သိမ်းဆည်းခဲ့သည်။
မောင်းသူမဲ့လေယာဉ်ကို ပစ်ချခဲ့သည့် ပါဆန်တီကို တရားမဝင်လက်နက်ပိုင်ဆိုင်မှုနှင့် သူတစ်ပါးအား ထိခိုက်နစ်နာရန် လုပ်ဆောင်မှုတို့ဖြင့် ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း CBS Philadelphia မှ ဖော်ပြသွားခဲ့ သည်။
Ref: CNET

http://internetjournal.com.mm/content/14583