အခကြေးငွေပေးဆောင်ရန်မလိုဘဲ တယ်လီနောကိုယ်စား ဝန်ဆောင်မှုများကို အသုံးပြုနိုင်မည်ဖြစ်သည်။
Caller ID
-
- - ဖုန်းဝင်လာချိန် ဖုန်းမကိုင်ခင်အချိန်မှာ ကိုယ့်ထံဆက်သော ဖုန်းနံပါတ်ကို
ကြည့်ရှုနိုင်သောစနစ်ဖြစ်သည်။
- - ခေါ်ဆိုသောဖုန်းနံပါတ်က ဖုန်းရဲ့ Display ပေါ်တွင် ပေါ်နေပါလိမ့်မည်။
ဖုန်းခေါ်ဆိုသူသည် contact list ထဲရှိနေပါက နာမည်ဖြင့်သာပေါ်နေပါမည်။
Call Hold
-
- - ဖုန်းပြောနေစဉ် နောက်ထပ်ဖုန်းတစ်လုံးထပ်ဝင်လာပါက ဖုန်းမချဘဲ ‘hold’
ကိုနှိပ်ထားပြီး နောက်ဝင်လာသောဖုန်းကို ပြန်ဖြေနိုင်သည်။ ပြီးလျှင်
အရင်ဝင်လာသောဖုန်းနှင့် နောက်ဝင်လာသောဖုန်းကို
တပြိုင်နက်အသုံးပြုနိုင်မည်ဖြစ်သည်။
Conference Call
-
- Conference call ဖြင့် လူငါးယောက်ကို တပြိုင်နက် ဖုန်းပြောနိုင်မည်။
အသုံးပြုတဲ့ handset အမျိုးအစားပေါ်မူတည်ပြီး ကွာခြားချက်များရှိမည်။
-
- တစ်ဦးချင်းဖုန်းခေါ်ဆိုနှုန်းသည် သာမာန်ဖုန်းခေါ်ဆိုနှုန်းအတိုင်း ပေးဆောင်ရမည်။
-
- Conference call ခေါ်ဆိုရန် အရင်ဆုံး လူတစ်ယောက်ကို သာမာန်နည်း
အတိုင်းဖုန်းခေါ်ဆိုရမည်။ ပြီးလျှင် “Add Call” ခလုပ်ကိုနှိပ်ပြီး
နောက်ထပ်ခေါ်ဆိုမည့်သူများကို ဆက်လက်ခေါ်ဆိုနိုင်မည်ဖြစ်သည်။
Call Divert
-
- Incoming call တွေကို ကိုယ့်ရဲ့ personal voicemail
သို့ပြန်လည်လွှဲပြောင်းပေးနိုင်မည်။
- - လိုင်းလွှဲခအတွက် ဝန်ဆောင်ခပေးဆောင်ရမည်။
- - ဒီဝန်ဆောင်မှုကို Activate လုပ်ရန်မလိုပါ။
- - Incoming calls ဝင်ကြောင်း သတိပေးချက်များက ဖုန်းခေါ်ဆိုတဲ့
သို့ပြန်လည်လွှဲပြောင်းပေးနိုင်မည်။handset အမျိုးအစားပေါ်မူတည်ပြီး ကွဲပြားသွားမည်။
Call Waiting
- - ဖုန်းပြောနေစဉ် နောက်ထပ် ဖုန်းဝင်လာသောအခါ သိရှိနိုင်မည်။
- - အသစ်ဝင်လာသော ဖုန်းကိုလက်ခံပြောဆိုခြင်း
လက်ရှိပြောနေသော ဖုန်းကိုဆက်လက်ပြောဆိုခြင်းမှာ
မိမိ၏ ရွေးချယ်မှုသာဖြစ်သည်။
Call Baring
-
- ဖုန်းခေါ်ဆို၍မရအောင် တားမြစ်ထားသောစနစ်ဖြစ်သည်။
-
- ထိုစနစ်ကို အသုံးပြုရန်အခကြေးငွေပေးဆောင်ရန်မလိုပါ။
Call Forwarding
- - အိမ်တွင်ဖုန်းထားခဲ့လို့ဖြစ်စေ အနှောက်အယှက်မဖြစ်ချင်၍ ဖြစ်စေ အ၀င်ဖုန်းများကို တခြားဖုန်းသို့လွှဲပြောင်းပေးနိုင်သည်။
- - အခြားဖုန်းသို့ လွှဲပြောင်းပေးသောအခါ လွှဲပြောင်းခကို သတ်မှတ်ထားသော ဈေးနှုန်းအတိုင်းကောက်ခံသွားမည်ဖြစ်သည်။
http://www.telenor.com.mm/mm/launch/basic-services.htm