Pages

Wednesday, October 15, 2014

Google က နေမကောင်းသူများ အနေဖြင့် ဆရာဝန်များနှင့် Video Chat ပြုလုပ်နိုင်ရန် စမ်းသပ်နေ

နေမကောင်း ဖြစ်သည့်အခါတွင် ဆေးခန်းသွားရန် မလိုဘဲ ဆရာဝန်နှင့် အွန်လိုင်းမှပင် ပြသနိုင်မည့် နည်း လမ်းကို Google က စမ်းသပ်နေပါသည်။

ရောဂါများနှင့် ရောဂါလက္ခဏာများကို Google တွင် ရှာဖွေသည့်အခါတွင် ဆရာဝန်နှင့် Video Chat ပြု လုပ်နိုင်သော နည်းလမ်းကို Google က စမ်းသပ်နေခြင်း ဖြစ်ပါသည်။ အဆိုပါ Google ၏ စမ်းသပ်မှုကို Reddit အသုံးပြုသူ တစ်ဦးက ဒူးနာခြင်းနှင့် ပတ်သက်၍ ရှာဖွေမှု ပြုလုပ်စဉ် တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး Gizmodo သို့ သတင်းပေးခဲ့ခြင်း ဖြစ်ပါသည်။

“ အိပ်မပျော်ခြင်း၊ အစာအဆိပ်သင့်ခြင်း ကဲ့သို့ အခြေခံ ကျန်းမာရေး သတင်းအချက်အလက်များကို ရှာတဲ့အခါမှာ အကောင်းဆုံး သတင်းအချက်အလက်များကို ပံ့ပိုးပေးဖို့ ဖြစ်ပါတယ်။ စွမ်းဆောင်ချက် အသစ်ဟာ လူတွေကို ဘယ်လောက် အကျိုးပြုလဲဆိုတာ ကျွန်တော်တို့ စမ်းသပ်နေကြပါတယ်။ “ ဟု Google က ပြောပါသည်။

အဆိုပါ စမ်းသပ်မှုကို လူအနည်းငယ်အတွက်သာ ပြုလုပ်ပေးထားပြီး Google ၏ အကူအညီများအတွက် Live Video Chat ၀န်ဆောင်မှုဖြစ်သည့် Helpouts ၏ တစ်စိတ်တစ်ပိုင်း အနေဖြင့် လက်ရှိတွင် အခမဲ့ အသုံးပြုခွင့်ပေးထားပါသည်။ အနာဂတ်တွင် အခပေး အသုံးပြုရမည် ဖြစ်ပြီး Google Wallet မှ တစ်ဆင့် ငွေပေးချေနိုင်ပါသည်။

Google ၏ ၀န်ဆောင်မှု အသစ်သည် ကောင်းမွန်သော်လည်း ဆရာဝန်က လူနာကို ကိုင်တွယ် စမ်းသပ်မှုများ ပြုလုပ်နိုင်မည် မဟုတ်ဘဲ အခြေခံ ကျန်းမာရေး ပြဿနာများ ကိုသာ ဖြေရှင်းပေးနိုင်မည် ဖြစ် သည်။