ကမ္ဘာပေါ်တွင် သုံးစွဲသူ ၁ ဒသမ ၃ ဘီလီယံခန့်အထိ
ရှိနေပြီဖြစ်သော ဆိုရှယ်ကွန်ရက် Website တစ်ခုဖြစ် သည့် Facebook သည်
မိမိတို့ Website အတွင်း Like အတုလုပ်မှုများကို တိုက်ခိုက်နှိမ်နင်း
တားဆီးတော့ မည် ဖြစ်ကြောင်း American Live Wire သတင်းတွင် ဖော်ပြထားသည်။
Facebook တာဝန်ရှိသူများက မိမိတို့ Website ကို ပိုပြီး ယုံကြည်စိတ်ချရစေရန်နှင့် လုံခြုံရေး အထူး အလေးထားမှုကို ဖော်ပြရန်အတွက် ယင်းသို့ ပြင်ဆင်ထိန်းသိမ်းမှုများကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း တာဝန်ရှိသူများက ထုတ်ဖော် ပြောကြားသည်။
အချို့သော ကြော်ငြာကုမ္ပဏီများသည် Like များကို ရအောင်လုပ်ကာ ငွေကြေးမသမာမှုများ လုပ်လာကြောင်း ဖော်ထုတ် တွေ့ရှိရသောကြောင့် ယင်းသို့ Like များများရစေရန် မသမာသော လုပ်ရပ်များ ကို ဖော်ထုတ် တိုက်ခိုက်သွားရန် စီစဉ်ရခြင်း ဖြစ်ကြောင်း Facebook က ရှင်းလင်းတင်ပြချက်ကို American Live Wire တွင် ရေးသားထားသည်။

https://www.facebook.com/thevoiceweekly