လူတော်တော်များများက Facebook , Messenger, Whatsapp တို့ကို အသုံးပြုပြီးတိုင်း Log Out ပြု လုပ်လေ့မရှိပါဘူး။ နောက်တစ်ခါ
ပြန်အသုံးပြုရင် Password တွေ ရိုက်ထည့်ရတာ အလုပ်ရှုပ် လို့ ဖြစ်ပါတယ်။
ဆိုးကျိုးကတော့ သင့်ဖုန်းကို တစ်ခြားလူတစ်ယောက်ယောက်က အသုံးပြုရင် သင့်ရဲ့
Facebook, Messenger, Whatsapp တို့ကို အတားအဆီးမရှိဘဲ
ဝင်ရောက်ကြည့်ရှုနိုင်သွားပါတယ်။ အဲဒီပြဿနာကို ဖြေရှင်းပေးနိုင်တာက Chat
Lock ဖြစ်ပါတယ်။ Chat Lock က Facebook , Messenger, Whatsapp တို့ကို
ဖွင့်လိုက်တိုင်း Password သို့မဟုတ် Pattern Lock နဲ့
ကာကွယ်ပေးနိုင်ပါတယ်။
Chat Lock ကို အင်စတော လုပ်ပြီးရင် အရင်ဆုံး အလုပ်သုံးခုကို ပြုလုပ်ရပါမယ်။ Monitor Facebook Chat Heads မှာ အမှန်ပေးပြီး သင့်ဖုန်းရဲ့ Accessibility Services ထဲမှာ Chat Lock ကို Enable ပြုလုပ်ပေးပါ။ Setup Password ကို အမှန်ခြစ်ပေးရင် PIN သို့မဟုတ် Pattern Lock ကို ရွေးချယ်နိုင်မှာပါ။ Password မေ့သွားခဲ့ရင် ပြန်လည်ရယူနိုင်ဖို့ Security Question ကိုလည်း အသုံးပြုသင့်ပါတယ်။ နောက်တစ်ဆင့်က Self Protection ဖြစ်ပြီး Chat Lock ကို အခြားသူများ Uninstall ပြုလုပ်လို့ မရအောင် သတ်မှတ်ထားတဲ့ Password နဲ့ပဲ ကာကွယ်ထားနိုင်တာပါ။
ပြီးသွားရင် Chat Lock ရဲ့ Main Screen ကိုရောက်သွားမှာပါ။ အဲဒီမှာ Facebook , Messenger, Whatsapp တို့ကို တစ်ချက်နှိပ်ပြီး Lock ပြုလုပ်နိုင်ပါတယ်။ နှစ်သက်ရာကို ရွေးချယ် Lock ပြုလုပ်နိုင် ပါတယ်။ Lock Delay မှာတော့ Facebook, Messenger , Whatsapp တို့ကို ဖွင့်ရင် ချက်ချင်း Lock ပြုလုပ်မလား၊ အချိန်စောင့်ခိုင်းပြီး Lock ပြုလုပ်မလားဆိုတာ ရွေးချယ်နိုင်ပါတယ်။ အချိန်စောင့်စရာ မလိုတဲ့ Immediately ကို Default အားဖြင့် ရွေးချယ်ထားတာက အဆင်အပြေဆုံး ဖြစ်ပါလိမ့်မယ်။
Fake Cover မှာတော့ Chat Lock ကိုဖွင့်ရင် PIN or Pattern ထည့်သွင်းရတဲ့ Screen အစား လက်ဗွေရာ စစ်ဆေးတဲ့ Screen ဒါမှမဟုတ် Chat Lock ဟာ Force Stop ဖြစ်သွားတယ်လို့ ထင်ရစေတဲ့ Screen ကို ပြ သပေးမှာပါ။ အဲဒီ Screen အတုတွေကို ကျော်ဖြတ်နိုင်တဲ့ နည်းကိုလည်း Chat Lock က ပြသပေး ထားပါတယ်။ Fingerprint ကို အသုံးပြုရင် Fingerprint Screen ရဲ့ အပေါ်ဘက်က အနီရောင်ဘောင်ခတ် ထားတဲ့ လေးထောင့် အကွက်ကို ဖိထားပြီး ကျော်ဖြတ်နိုင်ပါတယ်။ Force Stop ကို အသုံးပြုရင်တော့ Force Stop Message က Ok ကို ဖိထားပြီး ကျော်ဖြတ်နိုင်ပါတယ်။
Themes မှာတော့ PIN or Pattern Screen မှာ ပြသပေးမယ့် Theme ကိုရွေးချယ်နိုင်ပါတယ်။
Main Screen ရဲ့ ညာဘက်အပေါ်ထောင့်မှ ဒေါင်လိုက် အစက်သုံးစက်ကို နှိပ်ပြီး Settings ထဲသွားနိုင်ပါ တယ်။ Change Password မှာ သတ်မှတ်ထားတဲ့ Password or Pattern ကို ပြောင်းလဲနိုင်ပါတယ်။ Reset Security Question မှာလည်း အဖြေကို ပြောင်းလဲနိုင်ပါတယ်။ Self Protection အောက်မှ Uninstall Protection ကို On လုပ်ပေးရင် Chat Lock ကို သူများတွေ Uninstall လုပ်လို့ မရအောင် Password နဲ့ ကာကွယ်ပေးမှာပါ။ Fake as a calculator ကို On လုပ်ပေးရင် Chat Lock ရဲ့ Shortcut ကို Calculator ပုံလေးနဲ့ ပြသပေးမှာ ဖြစ်ပါတယ်။ နာမည်ကိုလည်း UU Calculator လို့ ပေးထားပါတယ်။ အခြားသူများကို လှည့်စားထားတာပါ။ Chat Lock ကိုဖွင့်ချင်ရင် UU Calculator ကိုဖွင့်ပါ။ Calculator Screen ပေါ်လာရင် 8855= ကို ရိုက်ပေးပါ။ နောက်တဆင့်မှာ PIN or Pattern Screen ကို ရောက်သွားမှာ ဖြစ်ပါတယ်။
Chat Lock ရဲ့ အားနည်းချက်တစ်ခုက Notification Bar မှာ ပေါ်လာတဲ့ Notification တွေနဲ့ Chat Head တွေကို Lock ပြုလုပ်ပေးနိုင်ခြင်း မရှိတာပါ။ အဲဒီကနေ Message တွေကို အခြားသူက ဖတ်နိုင်တာ ဖြစ်ပါတယ်။ အဲဒီ ပြဿနာကို Developer က မကြာမီ ဖြေရှင်းပေးနိုင်မယ်လို့ ယူဆရပါတယ်။ ဘာပဲပြောပြော Chat Lock ဟာ သင့်ရဲ့ Facebook, Messenger နဲ့ Whatsapp တို့ကို အခြားသူများ ဖွင့်ပြီး အသုံးပြုခြင်းမှ ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။
Chat Lock ကို Android 4.0 နဲ့ သူ့အထက်မှာ အသုံးပြုနိုင်ပါတယ်။
http://goo.gl/6SwVmA