Ooredoo က ၁၅ ရက်နေ့ကနေစပြီး Free Promotion ကိုရပ်ဆိုင်းပြီး Standard Rate နဲ့စတင်ကောက် ခံတော့မယ်လို့သိရပါတယ်။ လာလောဆယ် Mobile Internet Plan သုံးမျိုးကို ထုတ်ဖော်ပြောကြားလာ တာကိုလည်းတွေ့ရပါတယ်။
Plan (1): တစ်ရက်ကို ၅၀၀ ကျပ်ပေးဆောင်ရမယ့် Plan ဖြစ်ပါတယ်။ ဒီ Plan မှာတော့ မိုဘိုင်း အင်တာနက် Data 30 MB အသုံးပြုရရှိမည်ဖြစ်ပြီး Facebook အခမဲ့အသုံးပြုခွင့်ကို 20 MB အထိရရှိမယ်လို့ဆိုလိုပါတယ်။ ဒီ Plan ကို အသုံးပြုလိုပါက 2238 သို့ 30MB ဟုရိုက်၍ SMS ပေးပို့ရမယ်လို့သိရပါတယ်။

(မှတ်ချက် ။ ။ 30 MB ကို ငါးရာကျပ်ပေးရသည်မှာ ဈေးများလွန်းနေပါတယ်။)
Plan (2): တစ်ပတ်လျှင် ၃၀၀၀ ကျပ်ပေးဆောင်ရမယ့် Plan ဖြစ်ပါတယ်။
ဒီ Plan မှာတော့ မိုဘိုင်းအင်တာနက် Data 200MB အသုံးပြုခွင့်ရရှိမည်။ ဖေ့စ်ဘုတ်အခမဲ့အသုံးပြုခွင့်ကို 120MB အထိရရှိမည်။ ဒီ Plan ကိုအသုံးပြုလိုပါက 2238 သို့ 200MB ဟုရိုက်၍ SMS ပေးပို့ရမယ်လို့ သိရပါတယ်။
(မှတ်ချက်။ ။ 200 MB ကို သုံးထောင်ကျပ်ဈေးမှာလည်း ဈေးများလွန်းနေပါသေးတယ်)
Plan (3) : တစ်လလျှင် ၁၂၀၀၀ ကျပ်ပေးဆောင်ရမယ့် Plan ဖြစ်ပါတယ်။
ဒီ Plan မှာတော့ မိုဘိုင်းအင်တာနက် Data အသုံးပြုခွင့်ရရှိမည်။ ဖေ့စ်ဘုတ်အခမဲ့အသုံးပြုခွင့် 600MB အထိရရှိမည်ဖြစ်ပါသည်။ ဒီ Plan ကိုအသုံးပြုလိုပါက 2238 သို့ 1GB ဟုရိုက်၍ SMS ပေးပို့ရမယ်လို့သိရပါတယ်။
(မှတ်ချက် ။ ။ 1GB ကို 12000 ကျပ်ဆိုသည်မှာလည်း အင်မတန်မှများပါတယ်။ Mobile Data သုံးစွဲနှုန်း 1GB သည် တစ်ပတ်သာအသုံးပြုနိုင်ပါသည်။ ဒါတောင်မှ File Download တွေသိပ်မလုပ်ဘဲ ၊ Youtube ကြည့် ၊ Facebook သုံး ၊ Website ကြည့် ၊ Viber , Skype ပြောရုံမျှသာ ။ နိုင်ငံတကာဈေးဖြင့်သာကောက်ခံမည်ဆိုပါက ငွေငါးထောင်ခန့်သာကျသင့်ပါသည်။)
သက်နိုင်စိုး facebook မှ ကူးယူဖော်ပြထားသည်။