Pages

Friday, August 15, 2014

Intel မှ ပြည်တွင်း၌ Broadband Services အသုံးပြုနိုင်ရန် ဆောင်ရွက်သွားမည်

အမေရိကန်နိုင်ငံအခြေစိုက် ကုမ္ပဏီတစ်ခုဖြစ်သော Intel Semiconductor လီမိတက်အနေဖြင့် ပြည်တွင်း၌ Broadband Services အသုံးပြုနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း Intel Asia-Pacific & Japan မှ Vice President & General Manager Gregory M. Bryant မှ မီဒီယာတွေ့ဆုံဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။

Intel ၏ OEMs (Oritinal Equipment Manufacturers) နှင့် ODMs (Original Design Manufacturers) များ အသုံးပြု၍ ကြိုးမဲ့စနစ်နှင့် ကေဘယ်လ်စနစ်သုံး Broadband Service များကို ပြည်တွင်းမှ ဆက်သွယ်ရေး အော်ပရေတာများ၊ လုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ ဝန်ဆောင်မှု ပေးသွားမည်ဖြစ်သည်။