ကို ဒေါင်းလို့ရတယ်နော်.။ မိမိတို့မှာ Gmail အကောင့်ရှိတယ်.။ Gmail အကောင့်ရှိသူတိုင်းလည်း Google Drive ကို သုံးပိုင်ခွင့်ရှိတယ် ကိုယ်တင်ချင်တာတွေလည်း တင်လို့ရတယ်.။ ခုဒီနေရာမှာ ကျုပ်တင်ထားတာတွေကို ဒေါင်း နည်းလေးပြောမယ်.။ ဒီနေရာမှာ Chrome Browser နဲ့ဒေါင်းပြပါ့မယ် ပထမဆုံး မိမိရဲ့ Gmail အကောင့်ကိုဝင်ပါ.။
ဝင်ပြီးရင်တော့ ကျုပ်ဆိုက်ညာဖက်ခြမ်းမှာ ရှိတဲ့ နည်းပညာဆိုင်ရာ စာအုပ်များ ဗဟုသုတစာအုပ်များ လယ်တီ ဒီပ
နီကျမ်းများနှင့် ပိဋကသုံးပုံဆိုတဲ့ လင့်လေးတွေရှိတယ်.။ အဲဒီထဲကမှ ဗဟုသုတစာအုပ်များဆိုတဲ့ လင့်လေးကို
ကလစ်လိုက်မယ်.။ ကလစ်လိုက်ရင် ကျုပ်တင်ထားတဲ့ စာအုပ်တွေကို တွေ့ရမယ်ပေါ့ဗျာ အဲဒီစာအုပ်အကုန်လုံးကို
ကိုယ် Google Drive ထဲမှာ သိမ်းထားချင်တယ် ဒေါင်းထားမယ် အလိုရှိတဲ့အခါ သုံးချင်တယ်ပေါ့.။ အဲလိုဆိုရင်
တော့ ညာဘက်ခြမ်း အပေါ်က ပုံမှာ မြှားပြထားတဲ့ Add to Drive ဆိုတာလေးကို နှိပ်လိုက်ရင် မိမိတို့ရဲ့ Google Drive ထဲကို ရောက်ရှိသွားမှာဖြစ်ပါတယ်..။ ပုံများနှင့် အောက်မှာ ရှင်းပြထားတယ် ရှိုးကြည့်ပါ...
မယုံရင်တော့ New Tab ခေါ်လိုက်ပါ ပေါ်လာတဲ့ Google Drive ကိုနှိပ်ပါ အဲဒီမှာ ကျုပ်ဆီကဒေါင်းလိုက်တဲ့ ရှယ်ယာ
ယူလိုက်တဲ့ ဖိုင်လေးရောက်နေတာကို တွေ့ရပါလိမ့်မယ်.။ Gmail အကောင့် ၀င်ထားဖို့တော့ လိုပါလိမ့်မယ် မ၀င်
ထားရင်တော့ ရှိမည်မဟုတ်ပါ..။ ဒီနည်းနဲ့ Firefox မှာလည်း ဒေါင်းလော့ချနိုင်ပါတယ်.။ ခုနက Chrome နဲ့ဒေါင်း
သလိုပါဘဲ ဒါပေမယ့် www.google.com ကိုဝင်ဖို့တော့ လိုမယ်ပေါ့. ၀င်ပြီးရင် Myanmar ဆိုတဲ့နေရာမှာ English
ကိုပြောင်းပါ.။ အပေါ်ဘားမှာ Drive ဆိုတာတွေ့မယ် Gmail အကောင့်နဲ့ ၀င်ပါ.။ ၀င်ပြီးရင်တော့ ကျန်တာအားလုံး
တူနေပါပြီ..။
ဒီနည်းလိုဘဲ dropbox.com မှာ Floder အလိုက် ရှယ်ယာပေးထားရင် မိမိရဲ့ dropbox ကို ဒေါင်းလော့ချလို့ရပါ
တယ်နော်.။ သူများက Floder အလိုက် ရှယ်ယာပေးထားရင် မိမိရဲ့ dropbox အကောင့်ကို ၀င်ပါ ပြီးရင် ခုနသူများ
ရှယ်ယာပေးထားတာကို မိမိရဲ့ dropbox အကောင့်ထဲကို ဒေါင်းလို့ရပါပြီ.။ ဒေါင်းရမှာကတော့ အပေါ်က ညာဘက်
ခြမ်းလေးမှာ ရှိပါတယ်.Add to My drobox ဆိုရင်တော့ ဒေါင်းလော့ချနေပါလိမ့်မယ် မကြာပါဘူး စက္ကန့်သုံးဆယ်
လောက် အဲဒီလောက်တောင် မရှိပါဘူး ခဏလေးအတွင်းမှာ သူများတင်ထားတာ အာလုံးကို ကိုယ့် Dropbox ကို
ရောက်အောင် ဒေါင်းနိုင်ပါတယ်.။ ကဲဒီလိုဆိုရင် မိမိမှာ Dropbox အကောင့်ရှိဖို့ လိုနေပြီနော် ဒါကြောင့် Dropbox
အကောင့်လေးတစ်ခုတော့ လျှောက်ထားကြပေါ့ ဒါဆိုရင် မိမိတို့ဖုန်းထဲမှာ Dropbox ဆော့ဝဲလေးထည့်ပြီး အကောင့်လေး ၀င်ထား သူများတင်ထားတာလေးတွေကို ရှယ်ယာဒေါင်းလော့ချနည်းနဲ့ ဒေါင်းထားမယ်ဆိုရင်
လင့်မှတ်ရတဲ့ ဒုက္ခက ကင်းဝေးပါလိမ့်မယ် မိမိအလိုရှိတဲ့အခါလည်း အင်တာနက်လေးဖွင့်ပြီး ကိုယ့် Dropbox မှာ
ပြန်ဒေါင်းလို့ ရတာပေါ့ဗျာ...။
ကဲကဲ အားလုံး အဆင်ပြေကြပါစေနော်..ဓါတ်ပုံလေးတွေကို ကြည့်လုပ်ရှားကြပေါ့ကွယ်...။
နည်းပညာစာအုပ်များ လင့်ကတော့ အမှားတက်ပါတယ်နော် ကိုယ်တိုင်လုပ်ကြည့်တာ အဆင်မပြေဘူးဗျာ အဲဒါ
တော့ ခွင့်လွတ်ကြပါ ဒေါင်းတဲ့သူများလို့လား ဘာကြောင့်လည်း မပြောတတ်ဘူးဗျာ. ဗဟုသုတ စာအုပ်နှင့် လယ်တီး ဒီပနီ အဲဒီနှစ်လင့်ကတော့ ရပါတယ်..လင့်လေးတွေလည်း ထည့်ပေးလိုက်မယ်..။
နည်းပညာ စာအုပ်များ ဒေါင်းရန်လင့်
ဗဟုသုတ စာအုပ်များ ဒေါင်းရန်လင့်
လယ်တီဒီပနီနှင့် ပိဋကသုံးပုံလင့်
ပထမဆုံး မိမိ Gmail account ကို ၀င်ပါ သို့မဟုတ် Google Drive ကို ၀င်ပါ..။
ဒီအောက်က ပုံကတော့ ဒေါင်းလော့ချပုံပေါ့ကွယ်.မြှားပြထားတဲ့ နေရာလေးကို နှိပ်ပါ..Add to Drive ပေါ့
ကဲ ဒီပုံလေးကတော့ မိမိ Google Drive ကို ရောက်ရှိလာပုံလေးဘဲ ဖြစ်ပါတယ်နော်...။
ကဲ အားလုံးဘဲ နည်းပညာ ဗဟုသုတ တိုးပွါးပြီး အမျိုးဘာသာ သာသနာကို ချစ်ခင်မြတ်နိုးသော ယောက်ျား
ကောင်း ယောကျာ်းမြတ် မိန်းမကောင်း မိန်းမမြတ်များဖြစ်အောင် ကြိုးစားနိုင်တဲ့ ပုဂ္ဂိုလ်များ ဖြစ်နိုင်ကြပါစေလို့
ဆုတောင်းရင်းဖြင့်...13.7.2013 အမှတ်တရလေးပေါ့ကွယ်...