Pages

Thursday, August 11, 2016

အ​မေများအဖွဲ့ အုန်းသာ ဇီးခုံ

အုန်းသာရွာက အ​မေများအဖွဲ့ဝင်​​တွေ ၁၁.၈.၂၀၁၆ ​နေ့က ဓမ္မစကူးလ်​ရံပုံ​တွေ ရရှိ​ရေးအတွက်​ ​ကောက်​စိုက်​ပွဲ တနည်း ​ကောက်​စိုက်​ အငှား လိုက်​ခဲ့ကြပါတယ်​ အမျိုးသ္မီး ၉၀​ကျော်​နှင့်​ အမျိုးသား ၁၀​ကျော်​ စုစု​ပေါင်း ၁၀၀​ကျော်​​သော လူအ​ပေါင်းက ​ပျော်​ရွှင်​စွာ စိုက်​ပျိုးခဲ့ကြပါတယ်​လို့ အသိ​ပေးလိုက်​တယ်​..။

လယ်​တဧကကို ၃၀၀၀၀ိကျပ်​နှုန်းနဲ့ ၁၈၀၀၀၀ိကျပ်​ ရရှိ​ကြောင်း ၆ဧက​ပေါ့​နော်​ အဲ့ဒါ​လေး သိ​စေချင်​လို့ လူ့စွမ်းအား အရင်းအမြစ်​​တွေနဲ့ တည်​​ဆောက်​ရတာ​ပေါ့​လေ စိတ်​တူကိုယ်​တူ စိုက်​လိုက်​ကြတာ မြင်​ရသူအဖို့ ကြည်​နူးမဆုံးပါဘဲ ညီညွတ်​ခြင်း စည်းလုံးခြင်း ချစ်​ခင်​ခြင်း စတာ​တွေ အပြည့်​ မြင်​​တွေ့ရတာ တကယ့်​ကို ထူးခြားလှပါတယ်​ ရွာမှာ တသက်​နဲ့တကိုယ်​ ဒီလို စိုက်​ပျိုးမှု မရှိခဲ့ပါဘူး ဒါ​ကြောင့်​ပါ

ဘောလုံးမင်းသားများလို တပတ်​လုပ်​ခ ​ပေါင်​ တသိန်း စသဖြင့်​ မရ​ပေမယ့်​လည်း ကြည်​နူးစရာအဖြစ်​​ပေါ့ဗျာ  လူတရာရဲ့ လုပ်​အားဟာ
ဒို​လေးရဲ့ တရက်​လုပ်​အားခကို မယှဉ်​နိုင်​ပါဘူး​လေ သို့​သော်​လည်း​ပေါ့ဗျာ.....

မြန်​မာပြည်​မှာ ​မျှော်​လင့်​​နေကြတာက အလုပ်​အကိုင်​ အခွင့်​အလန်း အားလုံး အဆင်​​ပြေဖို့​ပေါ့
ဖြစ်​​နေ ကြား​နေရတာ​တွေက မြန်​မာ​တွေ တိုင်းရင်းသား​တွေ စား​သောက်​ဖို့ ခက်​ခဲမယ့်​အရာ​တွေ​ပေါ့ ....စိတ်​မ​ကောင်းရုံကလွဲပြီး ဘာမှမတတ်​နိုင်​ ဦးသိန်းစိန်​ လက်​ထက်​ကလို
မဟုတ်​​တော့ မတူမှု​တွေ များလာခဲ့တယ်

သိပ်​လည်း မ​ပြောချင်​ ​ပြောပြန်​ရင်​လည်း
ပြောသူအမှားမဟုတ်​ပါလား...

ကဲ ဝမ်းသာစရာ သတင်း​လေးကို ကြည့်​ပြီး
ကြည်​နူးနိုင်​ကြပါ​စေ

ပုံက​တော့ နဲနဲဝါးတယ်​​နော်