Pages

Friday, April 22, 2016

ပါရမီရှင်​ ပရဟိတ အသင်း အုန်းသာအ​ကြောင်း

ခေါင်းစီးက​တော့ ​ပေးလိုက်​ပြီ ဘာ​ရေးရင်​​ကောင်းမလဲ​ပေါ့ စဉ်းစားကြည့်​လိုက်​​တော့ သမိုင်း​ကြောင်း​လေး နဲနဲ​ရေးကြည့်​တာ​ပေါ့ကွယ်
တစ်​နှစ်​က ၂၀၁၄ မှာ ရွာပြန်​​ရောက်​​တော့ ကိုယ့်​​နောင်​​တော်​ကြီး ​ဦး​ကောနဲ့ ​ဆေးမှူးတို့က ဒို့ရွာ​လေးမှာ ပရဟိတ အသင်းအဖွဲ့​လေးရှိရင်​ ​ကောင်းမယ်​ ကား​လေးတစ်​စီး​လောက်​နဲ့ ​ဆေးရုံသွားဖို့ အခက်​အခဲဖြစ်​​နေသူများကို ကူညီရရင်​ ​ကောင်းမယ်​ စသဖြင့်​ တိုင်​ပင်​အကြံ​ပေး​တော့ အွန်​​ကောင်းပါတယ်​ ဒါနဲ့ ပရဟိတဆိုတာ ကျယ်​ပြန့်​တယ်​​နော်​လို့ ကိုယ့်​​နောင်​​တော်​နှင့်​ လူအများကို ​ပြောဖြစ်​တယ်
လုပ်​နိုင်​ရင်​​တော့ ​ကောင်းပါတယ်​ ဘာညာ​ပေါ့ဗျာ
အဲလို​ပြောခဲ့မိတယ်​။ ဒါနဲ့ အသင်းဖွဲ့ဘို့ လူမှု​ရေးအဖွဲ့ ဆရာဦး​ကောဏ်းတို့ ​ဆေးမှူးဦး​မောင်​​မောင်​ထွန်းတို့ ဦး​လေးတို့​တွေ အားလုံးစည်း​ဝေးပြီး​တော့ အသင်းဖွဲ့ပြီဆိုရင်​ အသင်းနာမည်​​ပေးဖို့က အ​ရေးကြီးတယ်​မဟုတ်​လား အဲ့ဒါ​တွေနဲ့
ပတ်​သက်​ပြီး စကာ​ပြောဖြစ်​တယ်​ ​နာမှူကူညီ​ရေးဆိုရင်​ နာမည်​က လူအများစု​ကြောက်​ကြတယ်​ ဘာညာ​ပေါ့ နောက်​ဆုံးမှာ လူအများစုက ပါရမီရှင်​ဆိုတဲ့ နာမည်​​လေးကို ဝိုင်းသ​ဘောတူပြီးသကာလ ကားရရှိဖို့ ကြိုးပမ်းခဲ့ကြတာ​ပေါ့ဗျာ။ 
  ပထမဆုံး ​ငွေရှာကြတာက​တော့ ကိုယ့်​ညီ​တော်
မောင်​သု ဂုဏ်​ပြုပွဲမှာ ဇာတ်​ကလည်းပါ​လေ​တော့ ​ဟောင်​စီဖွင့်​ ​ဈေး​ရောင်းကြနဲ့ ပရဟိတ အဖွဲ့​တွေ
ဇာတ်​လမ်းစခဲ့ကြတာ​ပေါ့ဗျာ ​နောက်​ပြီး ​စေး​မှော်​ဆရာ​တော်​ဈာပနမှာလည်း ​ရှေ့နည်းတူစွာ အသပြာရှာကြတာ​ပေါ့ မဲ​ဖောက်​ပြီးလည်းရှာ
တစ်​နှစ်​အတွင်း အားလုံးရဲ့ ကြိုးစားမှု ညီညွတ်​မှု​ကြောင့်​ ​ရောင်းဟီးဆရာ​တော်​ ဈာပနမတိုင်​မှီမှာ ပါရမီရှင်​ ပရဟိတအဖွဲ့ ကားတစ်​စီး ပိုင်​ဆိုင်​လာခဲ့တယ်​။ ကားရလာ​တော့ ဝန်​​ဆောင်​မှု​တွေစ​ပေးရတာ​ပေါ့ဗျာ ဘာ​တွေဝန်​​ဆောင်​မှု ​ပေးသလဲဆို​တော့ ကိုယ်​ဝန်​​ဆောင်​မိခင်​​တွေ
မီးမဖွားနိုင်​တဲ့ မိခင်​​တွေကို ​ဆေးခန်းနဲ့ မလုံ​လောက်​တဲ့အခါမျိုးမှာ ​ဖောင်းပြင်​​ဆေးရုံကြီးသို့
အခမဲ့ ပို့​ဆောင်​​ပေးပါတယ်​။ ​နောက်​ပြီး​တော့
ဆိုင်​ကယ်​ အက်​ဆီးသမား​တွေလည်း အများအပြားကိုဘဲ ပို့​ဆောင်​​နေရတယ်​ဆိုပါ​တော့။ ဘတ်​ချက်​က​တော့ အ​တော်​​လေးနဲပါ​သေးတယ်​ သို့​သော်​ မ​လျှော့​သောဇွဲနဲ့ ဆက်​ပြီး ကြိုးစားကြရဦးမှာ​ပေါ့ဗျာ ...။

အလှူ​တော့ မခံ​တော့ဘူး​နော်
အလှူခံလည်း ကိုယ့်​မြို့နယ်​အတွင်းက နန်းမခွင်​ ​ချောင်းရိုးမှာသာ အလှူခံသာပါ သို့​သော်​လည်း ​နေရာ​ဒေသအများအပြား ​ဈေး​တွေ အား​ပေးကြ ​ဟောင်​စီထိုးကြနဲ့ အဲဒီအမြတ်​​ငွေ​တွေကလည်း
လှူတာပါဘဲ ဒါ​လေး​တွေလည်း နားလည်​​အောင်​ ​ပြောပြရတာ​ပေါ့​လေ..။ ကုသိုလ်​လည်းရ ဝမ်းလည်းဝဆိုတဲ့နည်းကို ​ပြောလိုက်​တာ​နော်..

အခြားအခြား နယ်​ပယ်​​ဒေသကလူ​တွေအတွက်​လည်း ဖြစ်​​ပေါ်လာတဲ့ နာမှုများကို လိုက်​ပို့​ပေးပါတယ်​ အခမဲ့ပါဘဲ။ အားလုံးအခမဲ့ပါ ​ဆေးရုံ
မှာ ကုသစရိတ်​​တော့ ပါဘူး​ပေါ့ဗျာ ။
ကားဝန်​​ဆောင်​မှု​ကိုးဗျ ​စေတနာရှိလို့ ဆီဘိုးလှူတယ်​ဆိုရင်​​တော့ လက်​ခံပါတယ်​ အခြားအခြား​သော ​စေတနာသဒ္ဓာတရားရှိလို့
လှူမယ်​ဆိုရင်​လည်း Welcome ​ပေါ့ကွယ်​..
ကဲ လက်​လည်းနဲနဲ ​ညောင်းလာပြီ
ဒါပါဘဲကွယ်​ ဖုန်းနဲ့ စမ်း​ရေးကြည့်​တာ အမှားပါရင်​လ်း ပြင်​ဆင်​ဖတ်​ရှု​ပေးကြပါ....

စေတနာ ​မေတ္တာများဖြင့်​ မိုး​ကောင်းကင်

ပါရမီရှင်​ ပရဟိတအတွက်​ အမှတ်​တရ
သို့မဟုတ်​ ​ကြော်​ငြာခြင်း စသဖြင့်​၂
ပေါ့ အားလုံးရွှင်​လန်း ချမ်း​မြေ့ကြပါ​စေ
၂၂.၄.၂၀၁၆