Pages

Monday, October 20, 2014

Viber For Desktop and Android Version 5.0.2

ခုနောက်ထွက်တဲ့ Viber လေးက Vidoe Call ပြောလို့ရတော့ အဆင်ပြေတယ်ဗျ..။ ဒါပေမယ့် အင်တာနက် လိုင်ကောင်းမှနော်..။ တစ်ခုကြောက်လာရတာက..ကိုယ်မမြင်စေချင်တဲ့ ကောင်မလေးက ကိုယ့်ကို ဗွီဒီယို 
ချက် လာလုပ်ရင်တော့ဖြင့်...အဲ့ဒါ တိုင်ပတ်တာဘဲ..။ ဒါနဲ့ ပတ်သက်ပြီးတော့ ကိုယ်နေထိုင်ရာ အသိုင်းအ၀ိုင်းက လူတွေက မလေ့လာကြတော့ အတော့်ကို..ပြောပြောနေရတယ်ဗျာ..။ ဘာဆိုဘာမှ မသိဘူး..စိတ်ပျက်စရာလည်း ကောင်းပါတယ်..။ အခွင့်အရေးသမားဆိုရင်တော့ ဂွင်ပေါ့ဗျာ.။ ကဲခုပြောချင် တာက Video Call Chat နည်းလေး ပြောခဲ့ချင်တယ်..။ ကိုယ်ဖုန်းထဲမှာ ခုနောက်ဆုံးထွက် Viber Version 5.0.2 လေးထည့်လိုက်ပါ..သို့မဟုတ် Upgrade လုပ်ပါ.။ ပြီးရင် အင်တာနက်ဖွင့်ပြီးတော့ ကိုယ့်အသိဖုန်း Viber ရှိတဲ့ဖုန်းခေါ် ပုံမှန်အတိုင်း Call ခေါ်လိုက်ပါ.။ အခြားဖုန်းက ကိုင်ပြီဆိုရင်တော့ဖြင့် Video icon ပုံလေးကို တစ်ချက်နှိပ်ပေးပါ..။ မိမိကလည်း Video ပုံလေးကိုနှိပ်မယ် မိမိသူငယ်ချင်း ဘော်ဒါကလည်း အဲ့လိုဘဲ Video ပုံလေးကို နှိပ်ပေးလိုက်ရင် နှစ်ဦးသား အာဘွားလုပ်လို့ရပါပြီ...တစ်ဦးနဲ့ တစ်ဦး ဗွီဒီယိုချက်
လို့ ရပါပြီ..။ အတော်များများကတော့ သိပြီးသားပါ..ဒါကြောင့် ဒီလောက်ပါဘဲ ..အားလုံး အဆင်ပြေပါစေ.


ဗွီဒီယိုကော (Video Call) ပြောလိုက ပုံမှာပြထားသလို မြှားနေရာက Video icon လေးကို နှိပ်ပေးပေါ့ဗျာ..
Video icon မပေါ်ဘဲ မိတ်သွားလျှင် Screen လေးကို တစ်ချက်ထောက်လိုက်ပါ..ပေါ်လာလိမ့်မယ်.။ နှစ်ဦး စလုံးက ရှေ့ကင်မရာပါရမည်..။ ကင်မရာလည်းကောင်း အင်တာနက်လိုင်းလည်းကောင်းမယ်ဆို ကြည်ကြည် လင်လင် မြင်ရမည်...။ ဒါပါဘဲ...
Viber - screenshot