Pages

Sunday, October 12, 2014

Mobogenie Android App Store for PC or Mobile

Mobogenie ဆိုရင် အတော်များများ သိပြီးသားဆော့ဖ်ဝဲတစ်ခုပါ...ဆိုက်တွေမှာလည်း ကြော်ငြာတွေ အများကြီးနဲ့ ကြော်ငြာထားတဲ့ နာမည်လည်းကြီးနေတဲ့ Adroid Apk Market ဆော့ဖ်ဝဲပေါ့...Play Store
မှာ မရှိတဲ့ ဆော့ဖ်ဝဲတွေ ဒေါင်းမရတာတွေကို ဒီဆိုက်မှာလည်း ဒေါင်းလော့ချနိုင်ပါတယ်..။ ကိုယ့်အမြင်ပြော
ရရင်တော့ဖြင့် Blackmart ထက်တောင် ကောင်းတယ်လို့ ထင်ပါတယ်..။ Apk Market နဲ့ ပတ်သက်ပြီး
ကျုပ် တင်ပေးခဲ့ဖူးတဲ့ဆော့ဖ်ဝဲတွေ များပါတယ်..။ ခု ဒီနေ့တြော့ဖင့် ဘော်ဒါဟောင်းကြီးက သူ့မဟာ Market
ဆော့ဖ်ဝဲမရှိလို့ ထည့်ပေးရင်းဖြင့်...အသစ်လေးထွက်နေတာမို့ ပြန်ပြီးတော့ ကြော်ငြာလိုက်တာ အသိပေး
လိုက်တာပေါ့ဗျာ..။ ဒီကောင်က ကွန်ပျူတာသမားတွေလည်း ဆောင်ထားသင့်တဲ့ ဆော့ဖ်ဝဲတစ်ခုပါ..။ ကွန်ပျူတာဖြင့် ဒေါင်းလော့ချလို့..သိပ်ကို ကောင်းတဲ့ဆော့ဖ်ဝဲတစ်ခုပါ..။ ဖုန်းဆိုင်သမားတွေလည်း ဒါလေး ကိုဆောင်ထားသင့်တယ်လေ..။ ဆော့ဖ်ဝဲတွေကို လိုသလောက် လိုချင်တာကို လွယ်လင့်တစ်ကူ ရှာဖွေပြီး 
ဒေါင်းလော့ချလို့ရတာပေါ့..။ Google Playstore နဲ့ အားပြိုင်လာတဲ့ တရုတ်ဆော့ဖ်ဝဲ ကုမ္မဏီတစ်ခုပေါ့ဗျာ..။
Google Playstore က ကွန်ပျူတာနဲ့ ဒေါင်းမယ်ဆိုရင် ရိုးရိုးဒေါင်းလို့ မရဘူး ကွန်ပျူတာအတွက် ဆော့ဖ်ဝဲကို လည်း သီးသန့် ထုတ်မပေးထားဘူးလေ..။ ဒီတော့ တစ်ခြားဆိုက်မှာ လင့်ကူးထည့်ပြီးဒေါင်းမှ ရတာဆိုတော့
နဲနဲတော့ ကသိကအောက်ဖြစ်တာပေါ့..


ဥပမာအားဖြင့်...Facebook ဆော့ဖ်ဝဲ တစ်ခုကို ဒေါင်းလိုရင် ဒေါင်းလို့မရဘူး Play Store မှာ Facebook Apk မရှိဘူး..ကိုယ့်ဖုန်းနဲ့ ရှာကြည့်တာ မတွေ့တတ်လို့ ..ဒီတော့ ကျုပ်မရှိဘူးလို့ သတ်မှတ်တာ.။ Messenger လည်း မရှိဘူးနဲ့တူတယ်..။ အဲ့လိုဖြစ်လာရင်တော့..ဒီကောင်နဲ့သာ ဆော်လိုက်တော့..ဒီကောင်
လေးက Free တွေချည်းဆိုတော့ စိတ်ကြိုက်ဒေါင်းလို့ရတာပေါ့ဗျာ...ဘာအကောင့်မှ ၀င်စရာလည်းမလိုဘူး
လေ..ဟိုအရင်က 1Mobile လိုဘဲပေါ့..။ ခုတော့ဖြင့် 1Mobile ကလည်း ဂူးဂဲလ်ရဲ့ သြဇာခံဘ၀ရောက်သွား
ပြီနဲ့ တူပါတယ်..။ မ၀င်ဖြစ်တာတောင် ကြာရောပေါ့......ကဲကဲ ပြောနေတာကြာတယ်...ဒေါင်းကြကွယ်..။

ခုကောင်လေးမှာ Video Player နဲ့ Music MP3 Player ရယ် ဓါတ်ပုံကြည့်လို့ရတဲ့ Pictures apk တွေကို
ဖြုတ်ထုတ်ခြင်းနိုင်တဲ့ Uninstall စတဲ့ ကောင်းမွန်တဲ့ Faction အစုံ..ပါတဲ့ ဆော့ဖ်လေးမို့ အကြိုက်တွေ့လိမ့်
မယ်လို့ ထင်ပါတယ်....။

လောလောဆယ်တော့ဖြင့်..မူရင်းဆိုက်က ဒေါင်းလော့လင့်ကိုဘဲ ချိတ်ဆက်လိုက်တယ်ဗျာ..တင်ရမှာ နဲနဲ
ပျင်းလို့လေ..။ ပျင်းတယ်ရယ်လည်း မဟုတ်ပါဘူး..မရောက်ဖူးသေးတဲ့သူများအတွက် ရောက်ဖူးအောင်..
ဒေါင်းဖူးအောင်လည်း ပါတာပေါ့ဗျာ....အရမ်းကောင်းတဲ့ ဆော့ဖ်ဝဲတစ်ခုပါ...2013 ကတည်းက နာမည်ရနေတာ ရမှာပေါ့..နိုင်ငံခြားဆိုက်တွေမှာ သူ့ကြော်ငြာချည်းဘဲကိုးဗျ....ကဲ ဒါပါဘဲ....

Mobogenie 2.0 for Android

Mobogenie 3.0 for PC