နာမည်ကတော့ အကောင်းစားဘဲ..ဒီနည်းလေးကို မသိခဲ့ဘူးဗျာ. flash video downloader ဆိုတဲ့ Add-ons လေးထည့်လိုက်တာပါဘဲ..။ နည်းပညာသမားမဟုတ်ရင်လည်း သိပါလိမ့်မယ်..။ Firefox မှာ
Add-ons ကိုသွားပြီး Youtube Video Download လို့ ရိုက်ထည့်လိုက်ရင် ဒေါင်းလော့ချဖို့ အများကြီး ကျလာမယ် အဲ့အထဲကမှ ကျုပ်စမ်းကြည့်ထားတာကတော့ flash video downloader နှစ်မျိုးရှိပါတယ်..။ အတူတူပါဘဲ..http://www.flashvideodownloader.org/ ဒီဆိုက်က ထုတ်လုပ်တာတွေချည်းပါဘဲ..။ ကိုယ်သဘောကျတဲ့ တစ်ခုကိုထည့်လိုက်ပြီး Restart ချလိုက်ပါပြီးရင်တော့ဖြင့် http://youtube.com/ ကို
ဝင်ပြီးတော့ ကြိုက်တဲ့သီချင်း ဗွီဒီယိုကို ဒေါင်းနိုင်ပါပြီ...။ အလွယ်ဆုံးမို့ ရှည်ရှည်ဝေးဝေး မပြောတာပါ..။ Add-ons ကတော့ လူတိုင်း သုံးနေကြမို့ သိလိမ့်မယ်လို့ ထင်ပါတယ်နော်..။ Tools>>Add-ons>>Flash Video Downloader ကျုပ်လင့်ပါ ထည့်ပေးထားပါတယ်.။ ကဲ ပုံလေးကြည့်ပြီး လှုပ်ရှားလိုက်ပါ..မြန်မာပြည်
ကတော့ Firefox အသုံးများတာမို့ပါ..ကိုယ်လည်း မနေ့ကမှ စမ်းကလိရင်း သိတာလေးပေါ့ဗျာ..အဲ့ဒါလေး
ပြန်လည် မျှဝေလိုက်တာပါ..Internetdowload manager ကတော့ တစ်ဖြည်းဖြည်း နေရာကျဉ်းလာတယ်.။
နည်းပညာ ကုမ္မဏီတွေကလည်း သူ့ထက်ငှါအပြိုင်ကျဲလာကြတဲ့ ခေတ်ကိုးဗျ..။
ဒီပုံလေးကတော့ ဒေါင်းလော့ချပုံပေါ့ဗျာ..ဘယ်လိုဒေါင်းလည်း မြားပြထားတယ်..အဲ့လိုနှိပ်ဒေါင်းပေါ့..
Download ပုံဘေးလေးကိုနှိပ်ပြီး Setting ထဲမှာ မိမိကြိုက်တဲ့ Format ဘဲထားပြီး မကြိုက်တဲ့ Format အမျိုးအစားတွေကို ဖြုတ်ထားလို့ရတယ်ဆိုတဲ့ ပုံပေါ့ဗျာ..။ ကလိကြည့်ရင် သိပါလိမ့်မယ်..။
ကဲ ဒါကတော့ ADD-ONS ထည့်သွင်းနည်းလေးပါ...မသိသေး မတတ်သေးတဲ့သူများအတွက်ပေါ့ဗျာ...သိပြီး
သားတွေကတော့ အပေါ်က ပုံတစ်ပုံဆို လုံလောက်ပါတယ်...။
အပေါ်က လင့်ကတော့ တိုက်ရိုက်သွားပါ..
Add to Firefox ကိုနှိပ်ပါ..။ အောက်ကပုံက Install ထည့်ပုံ..

ဒေါင်းလော့ချနေပုံ.........

Restart Now လုပ်လိုက်ပါ..ဒန်ဒန်.....
ပြီးပါပြီး...ပြီးသွားရင်...ဟိုအပေါ်ဆုံးက ပုံလို စိတ်ကြိုက်ဒေါင်းလော့ချနိုင်ပါပြီ........
အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ........ကိုမိုး...........