အမေရိကန် ရေတပ်က ရန်သူ့ သင်္ဘောများရှိရာသို့
လူမဲ့ မောင်းနှင်နိုင်သော လှေများကို တီထွင်လိုက်ပါ သည်။ အဆိုပါ လှေများသည်
အုပ်စုလိုက် သွားလာ နိုင်ပါသည်။
အဆိုပါနည်းပညာကို CARACaS ( Control Architecture for Robotic Agent Command and Sensing) ဟု ခေါ်ပြီး မည်သည့် လှေများတွင် မဆို တပ်ဆင်နိုင်ပါသည်။
YouTube Video တစ်ခုတွင် အမေရိကန်ရေတပ်က သူတို့၏ နည်းပညာသည် သင်္ဘောသား များနှင့် ရေတပ်သားများအတွက် လုံခြုံမှုကို ပေးစွမ်းနိုင်သည်ကို သရုပ်ပြထားပါသည်။ ရန်သူ့ သင်္ဘောများ ကို ချေမှုန်းရာတွင် ရေတပ်သားများ၏ အသက်ကို စွန့်စားရန် မလိုတော့ကြောင်း သိရပါသည်။
လူမဲ့ လှေများသည် ကင်းလှည့်ခြင်း၊ ရန်သူ့ သင်္ဘောများကို တားဆီးခြင်းနှင့် ဖျက်ဆီးခြင်းများ ကို ပြုလုပ်နိုင်ပါသည်။ လက်နက်များဖြင့် ပတ်ခတ်ခြင်းကိုမူ စစ်ဆင်ရေးကို ဦးဆောင်သော ရေတပ်သားက အဝေးမှ ပြုလုပ်ရမည် ဖြစ်သည်။
ဗာဂျီးနီးယား ပြည်နယ် James River တွင် သြဂုတ်လ ၌ အဆိုပါ နည်းပညာကို သရုပ်ပြချက်အရ လူမဲ့ လှေ ၁၃ စီးသည် အလိုအလျှောက် မောင်းနှင်နိုင်ခြင်းအပြင် အဝေးမှ ထိန်းချုပ်မောင်းနှင်နိုင်ခြင်းများ ကို တွေ့ရပါသည်။
လူမဲ့ လှေများ အုပ်စုလိုက်သွားလာနိုင်သော နည်းပညာကို အနာဂတ်တွင် လူမဲ့ လေယာဉ်များနှင့် Drone များတွင် အသုံးပြုနိုင်မည်ဟု အမေရိကန် ရေတပ် သုတေသနဌာနမှ ပြောကြားပါသည်။
လူမဲ့ လှေများ အလုပ်လုပ်ပုံကို အောက်ပါ ဗီဒီယိုတွင် လေ့လာနိုင်ပါသည်။

https://www.facebook.com/MyanmarDigitalLife