အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ် (AGD) သည် အင်တာနက်ပေါ်မှတစ်ဆင့် ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများကို အသုံးပြုနိုင်မည့် e-Banking ဝန်ဆောင်မှုကို ယနေ့ စတင်လိုက်ပြီဖြစ်သည်။Android နှင့် iOS Mobile ထုတ်ကုန် နှစ်ခုစလုံးတွင် အသုံးပြုနိုင်မည့် e-Banking ဝန်ဆောင်မှုကို သုံးစွဲသူများသည် အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်သို့ သွားရောက်ပြီး ယင်းဝန်ဆောင်မှုကို အသုံးပြုနိုင်မည့် application ကို ထည့်သွင်းရမည်ဖြစ်သည်။ ထို့အပြင် အဆိုပါ app ကို Apple Store နှင့် Google Paly တို့တွင်လည်း အခမဲ့ download ရယူနိုင်ကြောင်းသိရသည်။
အဆိုပါဘဏ်၏ e-Banking ဝန်ဆောင်မှုသည် မိုဘိုင်းဖုန်း အင်တာနက်မှတစ်ဆင့်
ငွေလွှဲနိုင်ခြင်း၊ မိုဘိုင်းဖုန်း ဘီလ်များ ထည့်သွင်းနိုင်ခြင်း၊
မိမိဘဏ်စာရင်း၏ လက်ကျန်ငွေများကို အချိန်နှင့်အမျှ
စစ်ဆေးမှုများပြုလုပ်နိုင်ခြင်း အစရှိသည့် ဝန်ဆောင်မှုများကို
စတင်သုံးစွဲနိုင်မည် ဖြစ်ကြောင်းသိရသည်။ ထို့အပြင် အာရှစိမ်းလန်းမှု
ဖွံ့ဖြိုးရေး ဘဏ်၏ e-Banking ဝန်ဆောင်မှုသည် နေ့စဉ် နိုင်ငံခြားငွေ
လဲလှယ်နှုန်းနှင့် ပတ်သက်သည့် အချက် အလက် များကိုလည်း
ထည့်သွင်းပေးသွားမည်ဖြစ်သည်။
