ကျုပ် Website ရေးနည်း သို့မဟုတ် ကလိစမ်းကြည့်နေတာနဲ့ အချိန်ကုန်နေတာဗျာ။ ကျုပ်ဆိုက်ကို ဘယ်လို
ဒီဇိုင်းလေးနဲ့ လုပ်ရင်ကောင်းမလဲလို့ စမ်းသပ်နေတာနဲ့တင် ပို့စ်ကမတင်ဖြစ်ဘူးဖြစ်နေတယ်လေ..။ ခုစမ်း
သပ်ထားတဲ့ ဘလော့လေးကိုလည်း ၀င်ကြည့်ပေးပါဦး ကောင်းမကောင်းပေါ့ဗျာ.။ ဆိုက်လိပ်စာကတော့
http://blogmkk.blogspot.com/ ဒီလင့်လေးပါ။ ဂူးဂဲလ်ကပေးထားတဲ့ Template ပါဘဲ ကျုပ်ကတော့
သဘောကျနေတာဗျာ။ သို့သော် သူ့မှာ အားနဲချက်က ကြော်ငြာတွေ ထည့်မရတဲ့ ဒုက္ခလေးရှိနေတယ်လေ။
အဲဒါကြောင့် ကြိုက်သလောက်လည်း ကြိုက်တယ် မကြိုက်သလောက်လည်း မကြိုက်ဘူးပေါ့ဗျာ.။ သို့သော်
သူ့မှာ အားသာချက်တွေကတော့ များတယ်ဗျ။ ဘာလဲဆိုတော့ ပို့စ်တစ်ခုကို ဖွင့်ကြည့်ပြီးရင် သီချင်းဖွင့်သလို
Next ပုံစံလိုမျိုး ပို့စ်တွေ အများကြီးကို ကြည့်နိုင်တဲ့ အားသာချက်ရှိတယ်ဗျ။ နည်းပညာဆိုက်အတော်များများ
က Read More တွေ ထည့်ထားကြတယ်လေ။ ပို့စ်တစ်ခုကိုကြည့်ချင်ရင် Readmore ကို နှိပ်ပြီး ကြည့်နေ
ရတဲ့ ဒုက္ခရှိတယ်။ ခု ဒီဆိုက်တောင်မှ Readmore နဲ့ဘဲလေ။ သိပ်တော့ မကောင်းဘူးပေါ့ဗျာ။ ခု လုပ်ထား
တဲ့ ဒီဇိုင်းလေးက အတော်လေးလန်းတယ်။ ပို့စ်တစ်ခုကို ကြည့်လိုက်ရင်လည်း သူပွင့်လာတဲ့ ပုံစံလေးကိုက
လှနေတာ။ မယုံရင် ၀င်ကြည့်လိုက်ပါ။ တစ်ကယ် မဆိုးပါဘူး ။ ကျုပ်အနေဖြင့် လိုင်းကောင်းမယ်ဆိုရင် အဲဒီ
မှာလည်း ဒီဆိုက်မှာ တင်သမျှကို ပို့စ်တွေ တင်ပေးသွားမှာပါ။ ဘယ်ဆိုက်ကိုဘဲကြည့်ကြည့်ပါ အားလုံး
အဆင်ပြေဖို့ အဓိကပါဘဲ။ ဒီအခုလုပ်ထားတဲ့ဆိုက်ကတော့ ကိုယ်ခုသုံးနေတဲ့အကောင့်နဲ့ဘဲ လုပ်ထားတယ်
ဆိုပါတော့ဗျာ။ ဟက်ကာတွေကို လက်တို့တာမဟုတ်ဘူးနော်..ကျုပ်ဆိုက်ကိုတော့ မစမ်းကြပါနဲ့ဗျာ။ ဆရာ
ကြီးတွေ ဆိုက်တာ လက်တဲ့စမ်းကြပါနော်..။
ဆိုက်မှာ သတင်းတွေ နည်းပညာတွေ ကြည့်ရတာကတော့ဖြင့် ရှယ်ဘဲဗျာ ပို့စ်တစ်ခုကို ဖွင့်ကြည့်ပြီးရင်
Arrow Key လေးနဲ့ အပေါ်အောက် ရွေ့လို့လည်း အဆင်ပြေတယ်။ ပို့စ်တွေကို တစ်ပို့စ်ပြီးတစ်ပို့စ် Arrow
Key လေးနှိပ်ပြီး ကျော်ကြည့်လို့ရတာကတော့ အတော့်ကို ဟန်ကျတာဘဲဝေး...။ ကျုပ်အဲ့ဆိုက်လေးကို
တတ်နိုင်သမျှ ပို့စ်လေးတွေ ကော်ပီကူးတင်မလို့ စိတ်ကူးထားတယ်။ ဘလော့ရေးရတာ လွယ်ဘူးဗျ.။
အချိန်တွေ အများကြီးပေးရတယ်....။ ဒီနေ့တောင် ပို့စ်တွေ အတော်များများ တင်ထားခဲ့တယ် ၀င်ကြည့်ပြီး
အားပေးပါဦးနော်....။
ကဲ ၀င်ကြည့်ပြီး အားပေးကြပါဦးဗျာ..။ စမ်းသပ်ထားတာလေး ဘယ်လိုလဲဆိုတာ သိရအောင်ပေါ့..။

အဆင်ပြေရင် Facebook Like လေးလည်း လုပ်ပေးကြဦးနော်..