Pages

Monday, August 4, 2014

ANDROID ဖုန်း ကို မောက်ပဲလုပ်လုပ် keyboard ပဲလုပ်လုပ် လုပ်လို့ရနေပါပြီ ( KoPeinLay)

ဖုန်း ကို မောက်လုပ်ချင်သူများအတွက် WIFI MOUSE ကို တင်ပေးလိုက်ပါတယ် keyboard လည်းရ တယ်နော် အဆင်ပြေလို့ ကျွန်တော်စမ်းသပ် ထားပြီးသားပါ လိုအပ်တာတွေကတော့ wifi ဆိုတဲ့ အတွက် wireless တော့ လိုတာပေါ့ နောက်ပြီးဒီဆော့ဝဲ နှစ်ခု ဖုန်းထဲကို ထည့်သွင်းဖို့ဟာ က ဒီမှာ ဒေါင်းပါ ကွန်ပြူတာထဲ ထည့်သွင်း ဖို့ရာက ဒီမှာ ဒေါင်းပါ ဒေါင်းပြီးပြီဆိုရင် လုပ်ပုံကတော့ ဟန်းဆက်နဲ့ ကွန်ပြူတာ wireless နဲ့ချိပ်လိုက်ပါ နောက်ပြီး ကွန်ပြူတာမှာ ထည့်ထားတဲ့ software ကိုလည်းဖွင့်လိုက်ပါ ညာဘက် အောက်ဒေါင့်မှာ ပြနေပါလိမ့် မယ် နောက်ပြီး ဟန်းဆက်က wifi mouse ကို ဖွင့်လိုက်ပါ အပေါ်ဆုံးက auto connect ကိုနှိပ်ပြီး ချိပ်လိုက်ပါ မောက်ပုံစံလေး ဟန်းဆက်မှာပြနေပါလိမ့်မယ် ဒါဆို သုံးလို့ရပါပြီ keyboark လုပ်ချင်ရင်တော့ ဘယ်ဘက် အောက်ဒေါင့်နားက keyboark ပုံစံ လေးကို နှိပ်ပြီးလည်း စာရေးနိုင်ပါတယ်ဗျာ......


အဆင်ပြေပါစေ ကိုယ့်ညီလေးရဲ့ ကြားစားမိုးကြိုး ပို့စ်လေး ကူးယူဖော်ပြပေးထားပါတယ်..
ပို့စ်က တစ်လနေလို့ တစ်ခေါက်မတင်ဘူး သို့သော် သူက ကိုယ့်ထက်တော့ တော်တယ်ဗျ သူရချင်တာ လုပ်ချင်တာ တစ်ခုကို ဇောက်ချပြီး လုပ်တာ ကိုယ့်လို အီးရောင်ဝါး မလုပ်ဘူး အဲဒါတော်တယ်..။
စမ်းကြည့်တာ သူလုပ်နေတာ ကြည့်တာတော့ အတော်လေးတော့ အဆင်ပြေတယ်..ကီးဘုတ်တို့
မောက်တို့နဲ့ သုံးတာလောက်ကြီးတော့ ဘယ်အဆင်ပြေပါ့မလဲဗျာ..။ သို့သော်လည်းဘဲ အထူးအဆန်းဆို
စမ်းသပ်ချင်ကြတာ လူတို့ ဓမ္မတာပါဘဲ စမ်းသပ်သုံးကြည့်နိုင်ကြပါစေ...။