Pages

Saturday, July 26, 2014

လွှတ်တော်အမတ် တစ်ဦးချင်းဆိုင်ရာ အချက်အလက်များကို ထည့်သွင်း တည်ဆောက်ထားသော Mobile App ( MyanmarMPs V2 apk )ထွက်ရှိ

တရားဝင်လွှတ်တော် အမတ်တစ်ဦးချင်းဆိုင်ရာ အချက်အလက်များကို ထည့်သွင်းတည်ဆောက်ထားသော Mobile App ထွက်ရှိလာကြောင်း သိရသည်။ အဆိုပါ Mobile App သည် Version 2 ဖြစ်ပြီး Version 1ကို မေ လ ၃၀ ရက်တွင် Google Play တွင် တင်ခဲ့ကြောင်း၊ ပြင်ဆင်မှုအနေဖြင့် Version 2 ကို ဇူလိုင် ၂၄ ရက်၌ တင်ခဲ့ကြောင်း ဇူလိုင်လ ၂၅ ရက်တွင် မြန်မာအင်ဖိုတက်အတွင်း ပြုလုပ်ခဲ့သည့် လွှတ်တော်လေ့လာ စောင့် ကြည့်ရေးဆိုင်ရာ (website+MobileApp+API) မိတ်ဆက်ပွဲမှ သိရသည်။ အဆိုပါ Mob ile App ကို Google Play, 1Mobile တို့တွင် MyanmarMPs V2 အမည်ဖြင့် တွေ့ရှိနိုင်မည် ဖြစ်သည်။ MyanmarMPs V2 ၌မဲ ဆန္ဒနယ် တစ်ခုချင်းစီ၏ လွှတ်တော်အမတ်များကို အလွယ်တကူရှာ ဖွေနိုင်မည်သလို၊ ကိုယ်ရေးအချက် အလက်များ၊ တိုက်ရိုက်ဆက်သွယ်နိုင်မည့် နည်းလမ်းများဖြစ်သော ဖုန်းနံပါတ်၊ အီးမေးလ်၊ Facebook နှင့် Twitter တို့ကို တွေ့ရှိနိုင်မည် ဖြစ်သည်။ Mobile App ကိုဇော်ဂျီနှင့် ယူနီကုတ်နှစ်မျိုး အသုံးပြုနိုင်ရန် ပြုလုပ် ထားပြီး မိမိမိုဘိုင်းဖုန်းနှင့် အသုံးပြုနိုင်သည့် ဖောင့်အမျိုးအစားကို ရွေးချယ်ရမည်ဖြစ်သည်။ 


လွှတ်တော်အမတ် ရှာဖွေရာတွင် ပြည်နယ်၊ တိုင်းဒေသကြီးအလိုက် လွှတ်တော်အမတ်များကို ရှာဖွေနိုင်မည်ဖြစ်ပြီး မိမိရှာဖွေထားသော လွှတ်တော်အမတ်များကို Bookmarks ဖြင့် မှတ်သားထားနိုင်မည် ဖြစ်သည်။ ထို့အပြင် လွှတ်တော်နှင့် ပတ်သက်သည့် အကြောင်းအရာအချို့ကိုလည်း Knowledge ကဏ္ဍတွင် ထည့်သွင်းဖော်ပြ ပေးထားမည်ဖြစ်သည်။ အဆိုပါ Mobile App ကို Open Myanmar Initiative မှ ရေးသားထုတ်လုပ်ထားပြီး လွန်ခဲ့သောတစ်နှစ်ခန့်က www.omimyanmar.org အမည်ဖြင့် လွှတ်တော်အမတ်များ၏ ကိုယ်ရေး အချက်အလက်များ၊ အဆိုပြု ဆွေးနွေးချက်များ၊ ပါဝင်ဆွေးနွေးသူများ၊ ​ဝန်ကြီးဌာနများ၏ ပြန်လည်ရှင်းလင်းချက်များ၊ ဥပဒေမူကြမ်းများ၊ ကော်မတီများ၊ ကော်မရှင်များပါဝင်သည့် ဝက်ဘ်ဆိုက် တင်ခဲ့ကြောင်းသိရသည်။ ဝက်ဘ်ဆိုက်ပါ အချက်အလက်များ ကို ပြည်ထောင်စုရွေးကောက် ပွဲ ကော်မရှင်၊ လွှတ်တော်အမတ်များကိုယ်တိုင်၊ ပြင်ပမီဒီယာများ၏ ဖော်ပြချက်များ၊ အခြားသော အချက် အလက်များနှင့် တိုက်ဆိုင်၍ ဖော်ပြထားကြောင်း သိရသည်။ အဆိုပါ ဝက်ဘ်ဆိုက်ကိုပြုလုပ်ခဲ့ပြီး ယခု Mobile App ကို ဆက်လက်ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

http://www.myanmarinternetjournal.com/content/13979