ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ
ဇူလိုင်လ ၂၆ ရက်နေ့က ကျင်းပတဲ့ ထိုင်း ဝန်ကြီးချုပ်ဟောင်း ပြည်ပရောက် မစ္စတာ
သက်ဆင်ရဲ့ ၆၅ နှစ်မြောက် မွေးနေ့ပွဲ မြင်ကွင်းတွေဖြစ်ပါတယ်။ အဲဒီမွေးနေ့ပွဲမှာ ညီမဖြစ်သူ မစ္စယင်လတ် လည်း တက်ရောက်ခဲ့တာ ဖြစ်ပြီး မောင်နှမတွေ၊ မိသားစုတွေ နဲ့ ဆွေမျိုး မိတ်ဆွေတွေနဲ့အတူ ပျော်ပျော်ရွှင်ရွှင် မွေးနေ့ပွဲက မြင်ကွင်းတွေကို ထိုင်း
အွန်လိုင်း လောကမှာ အတော်များများ ပျံ့နှံ့လာနေပါတယ်။ သက်ဆင် တို့ မောင်နှမတွေနဲ့
မိသားစုတွေ သီချင်းဆိုနေကြတာလည်း ဓာတ်ပုံတွေထဲမှာတွေ့ရပါတယ်။သက်ဆင်ရဲ့
မွေးနေ့ ကိတ်ကြီးကိုလည်း တွေ့ရပါမယ်။ ဖက်ရှင်မယ်တဦးအလား ယင်လတ်ရဲ့
ဝတ်စားဆင် ယင်မှုနဲ့ သီချင်းဆိုနေတာ လည်း တွေ့ရပါလိမ့်မယ်။




အားလုံးဘဲ မိမိတို့ မွေးနေ့တိုင်းမှာ ပျော်ရွှင်နိုင်ပါစေ.....ကိုမိုး...
irrawaddy.org မှ ကူးယူဖော်ပြသည်