အိမ်တွင်းပြဿနာကို
အိမ်တွင်းမှာဘဲ မဖြေရှင်းချင်ပဲ အော်ကျယ်အော်ကျယ် လုပ်တတ်တာ ကြက်တွေ မှာပဲ တွေ့ဖူးတယ်။အမေရိကန်ကိုဖအေခေါ်စရာမလိုပါဘူး
ဒီလောက်လေးတော့ ဝီရသူ လည်း ဖြေရှင်း တတ်ပါတယ်။ အမေရိကန်ကြီးကလည်း
လူ့အခွင့်အရေးဆိုပြီး လူတစ်စုအခွင့်အရေးအတွက်ပဲ လုပ်နေ တယ်။ တကယ်ဆိုရင်
ခြိမ်းခြောက်ခံရတဲ့သူတိုင်းဘက်မှ ရပ်တည်ဖို့မလိုဘူးလား။ ဒီဒေါ်လာစားတွေ ဘက်မှ
ရပ်တည်မှ လူ့အခွင့်အရေးတဲ့လား? အဲဒီလောက်ကြီး
ဖိအားပေးစရာမလိုပါဘူး။ခြိမ်းခြောက်တဲ့ ဖုန်းနံပါတ်ကိုပေးလိုက်ပါ
ကျုပ်အရေးယူပေးမယ်။ အရင်တုန်းက
အမျိုးစောင့်ဥပဒေကို လူ့အခွင့်အရေးပေတံနဲ့တိုင်းပြီး ကန့်ကွက်ခဲ့တဲ့ ဟာမတွေ။ အခုကျတော့
ကျားကျားမီးယပ် လုပ်နေတာ ပဲ မဟုတ်လား? အဓိကကတော့
ကုလားဝါးမျိုနိုင်အောင် အမျိုးဘာသာ သာသနာကို ခွန့်ကျွေးချင်နေ တာမဟုတ်လား….? မှတ်ထား……..ခင်္ဗျားတို့
ဘယ်လောက်စွမ်းစွမ်း၊ ဘယ်လောက်ထက်ထက် ဒီလိုလျှောက်လုပ်နေလို့ကတော့ နိုင်ငံရေးသေပြီသာမှတ်…..။
ဝီရသူ(မစိုးရိမ်)
11.6.2014 PM 10:50
“အမျိုးစောင့်ဥပဒေကို
ကန့်ကွက်သူများအား ခြိမ်းခြောက်နေခြင်းကို လုံးဝ လက်မခံသင့်ဟု အမေရိ ကန် သံအမတ်ကြီး
ပြောကြား”
သိမ့်သိမ့်စိုး
ရန်ကုန်-အမျိုးစောင့်ဥပဒေကို
ကန့်ကွက်သော အမျိုးသမီးများအား ခြိမ်းခြောက်ခြင်းများကို လုံးဝ လက်မခံသင့်ကြောင်း အမေရိကန်သံအမတ်ကြီး
ဒဲရစ်မစ်ချယ်က ပြောကြားလိုက်သည်။
“ခြိမ်းချမ်းစွာ
သဘောထားကွဲလွဲမှုနှင့် ပြောဆိုမှုများအပေါ် အကြမ်းဖက်ခြိမ်းခြောက်မှုတွေဟာ အခြေတည် ဖွံ့ဖြိုးစ
ဒီမိုကရေစီဖွံ့မြိုးမှုကို လွန်လွန်ကဲကဲ အန္တရာယ်ရှိစေပြီး လုံးဝ လက်မခံသင့်ဘူး” ဟု ဒဲရစ်မစ်ချယ်က
အမျိုးသမီးများ စွမ်းဆောင်ရည် မြှင့်တင်ခြင်းကို GAP က အထောက် အပံ့ပေး မည်ဖြစ်ကြောင်း
ကြေညာသည့် အခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ပွင့်လင်းပြီး
ဆွေးနွေး ညှိနှိုင်းမှုများကို အားပေးသော လူမှုအခြေပြု အဖွဲ့အစည်းသစ်ကို လိုလားသူတိုင်းသည်
ယခုကဲ့သို့ ခြိမ်းခြောက်ခံ အမျိုးသမီးများဘက်က ရပ်တည်သင့်ကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။
ထို့ပြင်
ကြောက်ရွံ့မှုမရှိဘဲ လွတ်လပ်စွာ ဖော်ထုတ်မှုအပေါ် အားပေးသင့်ကြောင်းကိုလည်း ဒဲရစ်မစ် ချယ်က
“ဒီလိုခြိမ်းခြောက်မှုတွေကို ရှုတ်လည်း ရှုတ်ချသင့်ပါတယ်။ အတွေးအမြင်နဲ့ သဘောထား ကွဲလွဲမှုတွေကို
ကြောက်ရွံ့မှုမရှိဘဲ လွတ်လပ်စွာ ဖော်ထုတ်ခွင့်ကို အားပေးသင့်ပါတယ်” ဟု ပြောသည်။
အမျိုးသမီးများ၏
အခွင့်အရေးကို ထိခိုက်စေသော ဥပဒေပြုဖို့ အဆိုတင်သွင်းထားမှုအပေါ် ကန့်ကွက်ပြောဆို သော
အမျိုးသမီးများကို အသက်အန္တရာယ်ခြိမ်းခြောက်မှုများ ရှိနေပြီး သစ္စာဖောက် များဟု နာမည်တပ်ခံနေရ
မှုများအကြောင်းကိုလည်း သတင်းစာ အတော်များများတွင် လည်း ရေး သားဖော်ပြနေကြကြောင်းကိုလည်း
၃င်းက ထည့်သွင်းပြောခဲ့သည်။ လူထုအခြေပြုအဖွဲ့ပေါင်း
၉၀ ကျော် က အဆိုပါ ဥပဒေပြဋ္ဌာန်းရန် ကြိုးစားနေသည်ကို ကန့်ကွက်ကြောင်းနှင့် အမျိုးစောင့် ဥပဒေရေးဆွဲသည့်အပေါ်တွင်
အကြံပြုချက်များ ထုတ်ပြန်ခဲ့သည့်အပေါ် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ကလည်း ထိုအဖွဲ့များကို
အမျိုးသားသစ္စာဖောက်များအဖြစ် ကန့်ကွက်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
ပြီးခဲ့သည့်
ဇွန်လ ၃ ရက်ထုတ်သော ကုမုဒြာဂျာနယ်တွင်လည်း အမျိုးစောင့်ဥပဒေကို ကန့်ကွက်ခဲ့သော အမျိုးသမီးခေါင်းဆောင်အချို့အပေါ်တွင်
လုပ်ကြံသတ်ဖြတ်မည်ဟု နေ့စဉ် ခြိမ်းခြောက်ခံရမှုများ ရှိနေသည်ဟူ သော ဆောင်းပါးကိုလည်း
ရေးသားဖော်ပြထားသည်။
“အဓိကကတော့
အသက်အန္တရာယ်ခြိမ်းခြောက်ခံနေရတဲ့ သူတွေကို ဆိုးဆိုးရွားရွားကို တိုက်ခိုက်ပြောဆိုတာ
တွေရှိတယ်။ ဒါက ဒီမိုကရေစီကို လက်မခံတာပဲ။ ဒီလိုလုပ်မယ်ဆိုရင် ဘာသာရေးလွှမ်းမိုးထားတဲ့
နိုင်ငံဖြစ် သွားပြီး လူ့အခွင့်အရေးနဲ့ စစ်မှန်တဲ့ ဒီမိုကရေ စီတွေ ပျောက်သွားမယ်” ဟု
Gender and Development intiative မှ အုပ်ချုပ်သူ ဒါရိုက်တာ ဆလိုင်းအိုက်ဇက်ခင်က ပြောသည်။
