Pages

Tuesday, May 7, 2013

Power Director Ebook အသုံပြုနည်း စာအုပ်လေး

ကဲဗျာ Power Director အသုံပြုနည်း စာအုပ်လေးတွေ့လို့ တင်ပေးလိုက်ပါတယ် မသိသေးရင်တော့ ခက်
တာပေါ့ဗျာ သို့သော်လည်း ဒီ Power Director ကတော့ နဲနဲလွယ်တယ်မှတ်တာဘဲဗျာ ကိုယ်လည်း ကလိ
စမ်းကြည့်ဖူးပါတယ်.။ သူ့မှာက ဖိုင်ထုတ်တဲ့အခါမှာ ဖိုင်ဆိုက်တွေကြီးလွန်းတာကတော့ သိပ်သဘောမကျ
ဘူး ဒီPower Director သုံးရတာကိုပေါ့ ကျန်တာတော့ကောင်းပါတယ်.။ သီချင်းတစ်ပုဒ်ကို DVD ဖိုင်နဲ့ လုပ်မယ်ဆိုရင် 500MB ကျော်တယ်ဗျာ အဲလိုကြီးဆိုတော့ သိပ်တော့ ဘ၀င်မကျလှဘူး သို့သော်လည်း
တစ်နာရီလောက်ကို DVD တစ်ခွေစာလောက်ဆိုတော့လည်း သုံးနေကြရတာဘဲလေ ကိုယ်မှ မထုတ်တတ်
တာ.။ ကိုယ်ကြိုက်တာ ကိုယ်ကောင်းတာဘဲဗျာ ဟုတ်တာမဟုတ်တာအပထား မသိသေးတဲ့အချက်တွေ


တော့ ရှိမှာဘဲ တစ်ယောက်နှင့် တစ်ယောက်က ပညာချင်းမတူဘူးလေ စာအုပ်ထုတ်တဲ့သူက သူတတ်တာ
ရေးတာဘဲ မထုတ်တဲ့သူတွေကလည်း သူတို့တတ်တာတွေကို ထုတ်ပြကြတာဘဲ..။ အဲဒီတော့ ကိုယ်သိသင့်
တာကို သိထားတော့ အပျော်တမ်းဘဲဖြစ်ဖြစ် စီပွါးရေးသမားဘဲဖြစ်ဖြစ် မသိသေးတာတွေကို သိရရင် ပညာ
တစ်ကွက်ရရင် အမြတ်ဘဲလေ.။ အတော်များများက မာန်ကြီးတွေနဲ့ဗျ မေးရင်မပြောချင်ဘူး သူတို့က ဒါနဲ့
လုပ်စားနေကြတာလေ သူများတတ်သွားရင် ငါ့စားကျက်ပြောက်မှာပေါ့ အဲလိုအတွေး တွေကြောင့် ဖြစ်မှာ
ပေါ့ဗျာ. ပညာသိပ်မပြကြဘူး. ဟုတ်တော့ဟုတ်သလိုဘဲ ငါ့သူငယ်ချင်းတွေကို နဲနဲညှစ်ပေးရတာ သူတို့မသိ
တာလေးတွေ လာမေးရင် လက္ဖက်ရည်တော့ တိုက်ခိုင်းရတာဘဲ.။
ဟုတ်တယ်လေ ကိုယ့်ပင်ပန်းကျိုးလေးတော့ လက္ဖက်ရည်တော့ သောက်ရမှာဘဲ ဟုတ်တယ်မဟုတ်လား.။
ဒီမှာတော့ ဘယ်သူမှ လာတိုက်မှာ မဟုတ်ပါဘူး.။ တစ်ခါတစ်လေ စဉ်းစားရင် ကိုယ့်ဟာကို အရူးလို့ဘဲ
ထင်နေမိတယ်ဗျာ.။ ဘယ်သူ့ကို ပြောတာလို ဘယ်သူ့ကို ပြောတာလိုနဲ့ ရောရောင်ပြီး ရေးနေရတာ ဆိုတော့ သိပ်တော့ အဆင်မပြေလှဘူးဗျာ..။ ရောက်ခဲ့တယ်ဆိုတာလေးလည်း လက်ရာလေးတော့ ချန်
ထားခဲ့ပါဦးလို့ ပြောချင်ပါတယ်..။ ကဲ ဒါပါဘဲဗျာ လိုချင်ရင်တော့ အောက်မှာ ယူသွားလိုက်ပါ..။
လိုအပ်မယ် ထင်ရင်ပေါ့ဗျာ...။

ကျုပ်တင်ထားတာလေးတွေ လင့်တွေ သေနေပြီ ထင်လို့ စာအုပ်တွေကိုဘဲ တင်ထားတဲ့ လင့်လေးကို ထည့်ထား
လိုက်တယ်ဗျာ..။ ဒီလင့်တွေကတော့ ဒီအကောင့် ပျက်မှဘဲ ပျက်မှာပါ ဒါကြောင့် ဒါက နဲနဲ စိတ်ချရတယ်ပေါ့ ဗျာ..။ ကဲစာအုပ်တွေ သဘောကျရင်တော့ ဒီအောက်က လင့်နှစ်ခုမှာ ဒေါင်းပါဗျာ..။



 


                             ۩۩۩۩  DOWNLOAD BOX.COM  ۩۩۩۩

                       ۩۩۩۩   DOWNLOAD DROPBOX.COM  ۩۩۩۩