Pages

Wednesday, May 15, 2013

PC for Viber ကွန်ပျူတာအတွက် Viber Software

ကဲဗျာ ကွန်ပျူတာအတွက် Viber Software လေးပါ ကျုပ်တော့ မတင်တော့ဘူးနော် မူရင်း Viber ဆိုက်လေးမှာဘဲ ဒေါင်းကြပါတော့။ ကျုပ်ခုတစ်လော ကံမကောင်းဘူးဗျာ.။ ဖုန်းဒုက္ခဖြစ်ပြီးတော့ ခု ကွန်ပျူတာကို ကူးလာပြီ.။UPS က အခြေအနေမကောင်းဘူး ညက သုံးပြီးတော့ ပိတ်ထားလျှက်နှင့် မနက်အိပ်ယာနိုးတော့ တီ တီ တီ နဲ့ မြည်နေလို့ ပါဝါပိတ်တာလည်း အဆင်မပြေဘူး ဒါနဲ့ ကျောက်လှည့်နဲ့ ဖွင့်ဆုတ်ဆက်ခတ်ပြီးတော့ ဘက်ထရီးကြိုးကို ဆွဲဖြုတ်လိုက်မှ အသံမြည်တာ ရပ်သွားတော့တယ်ဗျာ..။ ခုလောလောမှာလည်း အဆင်မပြေလှဘူး ဒါလေးရေးနေရင်း တန်းလန်းနဲ့ ပြုတ်ပြုတ်ကျနေတာ ခုတော့ အဆင်ပြေအောင် ဘက်ထရီကြိုးဖြုတ်ပြီး လုပ်ထားရတယ်ရေရှည်အတွက်တော့ မကောင်းဘူးပေါ့.။   လောလောဆယ်တော့ အဆင်ပြေအောင် ကြံဖန်နေရတာဘဲဗျာ..။ အားလုံးဘဲ ကွန်ပျူတာ မကောင်းတဲ့ ဒုက္ခမှ ကင်းလွတ်ကြပါစေ...။ ကျုပ်ဟိုနေ့ညက ပြောင်လှောင်ရေးထားတာ မို့လား မသိဘူးဗျာ ကွန်ပျူတာက ကျုပ်ကို အသစ်ဝယ်ခိုင်းနေတာနဲ့ တူပါရဲ့ မတတ်နိုင်သေးဘူးဗျာ အဟောင်းလေးကိုဘဲ အကောင်းလေးလုပ်ပြီး နှိပ်စက်ရဦးမှာဘဲ...။ အားလုံး မိုးအေးအေးနဲ့ ကွေးနိုင်ကြပါစေလို့....